သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီဖြန့်ဖြူးရောင်းချ

 

 

နေပြည်တော်    နိုဝင်ဘာ   ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ  သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေး သည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ  ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့ သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဒေသအသီးသီးရှိ လက်လီ/ လက်ကား   ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး  ကျပ် ၄၂၄၀ ဖြင့် နေ့စဉ် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
 ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်၊  နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွက် စားအုန်းဆီတန်ချိန် ၇၀၇၀ ဒသမ ၅၅ တန်၊ ပိဿာ ၄၃၂၇၁၈၀   ရောင်းချ ခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် ဆီအသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊     စားအုန်းဆီများကို    လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသား တင်အကျိုးအမြတ် (၂ ရာခိုင်နှုန်း) ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း   အမှတ်(၁၀၄/၁၀၈)  ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ယာဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်း-၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဖုန်း ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။                                                                  သတင်းစဉ်