ရန်ကုန် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆို တော်နေ့ အထိမ်းအမှတ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက စဉ်ဆက်မပြတ် လှူဒါန်း ကြရာ ဆရာကြီး ဦးတင်မောင်ထွေး (နတ်ရေကန်တင်မောင်ထွေး)မိသားစုက အလှူငွေကျပ် ငါးသိန်း၊ ဦးမောင်မောင်မြင့်အေး-ဒေါက်တာ စောယုနွယ် မိသားစုက ငွေကျပ် ၁၅ဝဝဝဝ၊ ဗိုလ်တထောင်မြို့နယ် စာရေးဆရာအသင်းက ငွေကျပ် တစ်သိန်း၊ ဦးလှတိုး (တိုးထက်) မိသားစုနှင့် ဦးမြကျော်(မောင်မြကျော်) တောင်ဥက္ကလာပမြို့နယ်တို့က ငွေကျပ် ငါးသောင်းစီ၊ စာရေးဆရာ ပန်းမျိုးခင် (တောင်ဥက္ကလာပ မြို့နယ်)က ငွေကျပ် နှစ်သောင်း၊ ဦးမင်းရွှေ(မင်းရွှေမင်း-တောင်ကုတ်)က ငွေကျပ် သုံးသိန်းတန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းရာ အသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်



