Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses  ၁၀ သန်းအား မြန်မာနိုင်ငံက ဝယ်ယူထုတ်လုပ်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး

နေပြည်တော်   ဒီဇင်ဘာ    ၂၂ 


Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို    မြန်မာနိုင်ငံတွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို ယနေ့ ညနေပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte Hotel ၌  ကျင်းပသည်။


အခမ်းအနားသို့  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး        သယံဇာတရေးရာဝန်ကြီး  ဦးဇော်ဝင်း၊    ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊    မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်    စက်မှုဝန်ကြီးဌာနမှ   တာဝန်ရှိသူများ  အသီးသီးတက်ရောက်ကြသည်။ 



ရှေးဦးစွာ   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး   ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချာလီသန်းက Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses ၁၀  သန်း ဝယ်ယူရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပါဝင် ခွင့်ရသည့်အတွက်  များစွာဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားသည်  မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား အထူးသဖြင့်  စက်မှု ဝန်ကြီးဌာနနှင့်  Sinopharm  China National Biotech Group တို့အကြား  အရေးပါသည့် သမိုင်း မှတ်တိုင်အသစ် ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သည့်  Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင် ရေးအတွက် စတင်ဆွေးနွေးသည်မှ Ready To Fill Bulk များဝယ်ယူရေး  သဘောတူစာချုပ်လက်မှတ် ရေးထိုးနိုင်သည်အထိ ကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊   အထူးသဖြင့်  တရုတ် ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ        တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တကွ  Sinopharm CNBG မှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည်  ကူးစက်မြန်ရောဂါဖြစ်ပြီး ယခုအခါတွင် ကမ္ဘာ့နိုင်ငံအနှံ့သို့ ကူးစက်ပျံ့နှံ့လာမှု ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တားဆီးရာ တွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အထိရောက်ဆုံး ကာကွယ်သော နည်းလမ်းလည်းဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံအနေဖြင့် Sinopharm ကိုဗစ်ကာကွယ်ဆေး Doses ၂၆ သန်းဝယ်ယူခဲ့ပြီး ယခုအခါ ထိုးနှံပေးလျက် ရှိပါကြောင်း၊  ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း အချက်အလက်များအရ  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည်    ဘေးထွက်ဆိုးကျိုး နည်းပါးပြီး အာနိသင်ထက်မြက်သည်ကို သိရှိရသော ကြောင့်  Sinopharm CNBG မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။


ခြေလှမ်းသစ်တစ်ရပ်ဖြစ်


ယနေ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses    ၁၀  သန်း  ထုတ်လုပ်နိုင်ရေးအတွက် RTF Bulk  ဝယ်ယူခြင်းဖြစ်ရာ  မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် ခြင်း၏  ခြေလှမ်းသစ်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ နောင်တွင် ကာကွယ်ဆေးကဲ့သို့သော ဇီဝဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက် မည်ဟု ယုံကြည်ပြီး  မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင် ရေး စတင်ဆောင်ရွက်သည့်နေ့ဖြစ်၍ ထူးခြားသော နေ့တစ်နေ့လည်း  ဖြစ်ပါကြောင်း၊  Sinopharm CNBG နှင့်ပူးပေါင်း၍  မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက်    အရေးကြီးသော ကာကွယ်ဆေးများသာမက အခြားဆေးဝါးများကို လည်း ပူးတွဲ၍ ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း။


စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့အတွက် လိုအပ်သောဆေးဝါးများ  ပိုမိုထုတ်လုပ်ဖြန့်ဖြူး နိုင်ရေး  ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီကျရောက်မည့် ၂၀၂၂ ခုနှစ်၏ တရုတ်နှစ်သစ်ကူး သည် “ကျား”နှစ်ဖြစ်သည့်အတွက် ကျန်းမာပျော်ရွှင် ဖွယ်ကောင်းပြီး အောင်မြင်မှုများရရှိစေမည့် နှစ်သစ် မင်္ဂလာဖြစ်ပါစေကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   သံအမတ်ကြီး   မစ္စတာချန်းဟိုင် က  Sinopharm CNBG မှ ထုတ်လုပ်သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို       မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ နှင့်  တရုတ်နိုင်ငံတို့၏  ပထမအဆင့်  ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  တရုတ်နိုင်ငံအနေဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို နိုင်ငံပေါင်း ၁၂၀ သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး  ကိုဗစ်ရောဂါ အထူးကုသရေးကိုလည်း  ထုတ်လုပ်နိုင်ရန် သုတေ သနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊    မြန်မာနိုင်ငံ၌   ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံက  ကိုဗစ် ရောဂါကာကွယ်ဆေးပစ္စည်းများကို    အများဆုံး ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်  ထိုးနှံ ခဲ့သည့် ကိုဗစ်ရောဂါကာကွယ်ဆေး  အများစုသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သောဆေးများဖြစ်ပြီး ယခု RTF Bulk များ ဝယ်ယူရေး သဘောတူစာချုပ် ချုပ်ဆို ခြင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ထိန်းချုပ်‌ရေး လုပ်ငန်းများတွင် များစွာအထောက်အကူဖြစ်မည်ဖြစ် ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း ပီသစွာ ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုများ တိုးမြှင့်နိုင် ရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍  Chairman  of Sinopharm Group, Mr. Jingzhen Liu က Sinopharm CMBG ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ကုသရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိပြီး ဆေးဝါးထုတ်လုပ်သည့်  လုပ်ငန်းတို့တွင် အာရှ၌ ဒုတိယအဆင့်တွင် ရှိပါကြောင်း၊ ကုမ္ပဏီမှထုတ်လုပ် သည့် Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း၊    မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း  အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း Virtual စနစ်ဖြင့် တက်ရောက် ပြောကြားခဲ့သည်။


ဆက်လက်၍ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး RTF Bulk Doses  ၁၀ သန်းဝယ်ယူရေး သဘောတူစာချုပ်အား   မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး   ဦးမျိုးဇာနည်ဝင်းနှင့် Sinopharm China National Biotech Group ကိုယ်စား မစ္စတာရန်ရှောင်မင်းတို့ လက်မှတ်ရေးထိုး ခဲ့ကြသည်။    
သတင်းစဉ်