
ရန်ကုန် ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၁၀) ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓ တက္ကသိုလ်(ရန်ကုန်) ရှစ်ထပ် ကျောင်းဆောင် သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံကြီးတွင် ဒေသ ခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ အား စတုတ္ထအကြိမ်အဖြစ် အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိ ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လိုအပ်သည်များ ဝိုင်းဝန်းဆောင် ရွက်ပေးနိုင်ရေးနှင့် ဆရာတော် ကြီး၏ မိန့်ကြားချက်များ ဆောင်ရွက်ပေးနိုင်ရေး ယနေ့နံနက် ပိုင်းက ဆရာတော်ကြီး သီတင်း သုံးရာ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇဓမ္မာ စရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ သီတဂူဆရာတော်ကြီး အား ဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများနှင့် မျက်စိဝေဒနာရှင် များအား အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျက်စိ အထူးကု ဆရာဝန်ကြီးများက စက္ခုဒါနဆေးရုံတွင် တပ်ဆင်ထား သည့် ခေတ်မီစမ်းသပ်စစ်ဆေး သည့် စက်သစ်ကြီးများဖြင့် မျက်စိဝေဒနာ ခံစားနေရသော ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ပြသသော လူနာများအား လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေး ပြီး ခွဲစိတ်ရန်မလိုသော လူနာ များကို ဆေးဝါးများ အခမဲ့ ဆောင်ရွက်ပေးနေမှု အခြေအနေ များကို ကြည့်ရှု၍ မျက်စိဝေဒနာ ရှင်များကို အားပေးစကား ပြော ကြားသည်။
သီတဂူ စက္ခုဒါနဆေးရုံ (ရန်ကုန်)၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား စတုတ္ထ အကြိမ်အဖြစ် ဖေဖော်ဝါရီ ၂ ရက် မှ ၈ ရက်အထိ စမ်းသပ်ကုသပေး မည်ဖြစ်ရာ စာရင်းပေးပြီး မျက်စိ ဝေဒနာရှင် ၁၆၀၀ ကို တစ်နေ့ ၃၅၀ နှုန်း သက်မှတ်၍ စမ်းသပ် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)