သီရိလင်္ကာသမ္မတဟောင်း ထိုင်းနိုင်ငံ၌ ယာယီခိုလှုံရန် ရောက်ရှိနေ

ဘန်ကောက် ဩဂုတ် ၁၂ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာရာ ရာဂျာပါ့ခ်ဆာသည် ထိုင်းနိုင်ငံသို့ ယာယီခိုလှုံရန် ရောက်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ် ၁၂ တွင် အတည်ပြုပြောကြားသည်။ ရာဂျာပါ့ခ်ဆာသည် ဩဂုတ် ၁၁ ရက်က စင်ကာပူနိုင်ငံမှ ထွက်ခွာသွားကြောင်း စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၌ ၎င်း၏နေထိုင်မှုသည် ယာယီသာဖြစ်ပြီး နိုင်ငံရေး ခိုလှုံခွင့်မရှာရသေးကြောင်း၊ သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူ သီရိလင်္ကာသမ္မတဟောင်းအနေဖြင့် ဗီဇာမလိုအပ်ဘဲ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောကြားထားသည်။ သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းသည် မော်လ်ဒိုက်နှင့် စင်ကာပူနိုင်ငံများသို့လည်း လှည့်လည်သွားရောက်ခဲ့ပြီး ဖြစ်သည်။ ဆင်ဟွာ