
သီပေါ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်ကျန်းမာ ရေးဌာနနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စားသုံးသူ ပြည်သူများ အန္တရာယ်ကင်းရှင်း ရေးကို ရည်ရွယ်ကာ ယနေ့နံနက် ပိုင်းက ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိ စေရေးအတွက် ကုန်ပစ္စည်းများ တွင် မြန်မာဘာသာဖြင့် ကုန် အညွှန်း အမှတ်အသားများ ဖော်ပြပါရှိသော ကုန်ပစ္စည်းများ သာ ရောင်းချပေးရေး၊ သက်တမ်း လွန်ပစ္စည်းများနှင့် စားသုံးရန် မသင့်သော ကုန်ပစ္စည်းများကို ရောင်းချမှု မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်း(သီပေါ)