သဘာဝမြေဩဇာကို စွန့်ပစ်အမှိုက်များမှ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ဈေးများ၊ အမှိုက်ပုံးများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်နိုင်

 

နေပြည်တော်  ဩဂုတ်  ၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင်သည် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊    နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊      ဒုတိယမြို့တော်ဝန်၊   ဌာန ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်  ပုဗ္ဗသီရိမြို့နယ်အတွင်း ရှိ       နေပြည်တော်   စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်         သန့်ရှင်းရေးဌာန၊ ပုဗ္ဗသီရိအမှိုက်ကွင်းသို့  သွားရောက်၍ နေပြည်တော် အတွင်းမှ ထွက်ရှိသည့်  စွန့်ပစ်အမှိုက်များမှ သဘာဝ မြေဩဇာ      ထုတ်လုပ်နိုင်ရေး         ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ  ဒုတိယဝန်ကြီးနှင့်   တာဝန်ရှိသူများက စွန့်ပစ်အမှိုက်မှ မြေဩဇာထုတ်လုပ်နိုင်ရေး ရှင်းလင်း တင်ပြကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ် သည်များ ဖြည့်စွက်မှာကြားသည်။
မွန်းလွဲပိုင်းတွင်       နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် နေပြည်တော်ကောင်စီရုံး  အစည်းအဝေးခန်းမ ၌   ကျင်းပသည့်   နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်၍  စိုက်ပျိုးရေး တွင်လိုအပ်သည့် သဘာဝမြေဩဇာကို စွန့်ပစ်အမှိုက် များမှ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ 
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးသီးနှံများမှ  ထွက်ရှိသည့်  စွန့်ပစ်ပစ္စည်း များ၊ မွေးမြူရေးများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ နှင့် ဈေးများ၊  အမှိုက်ပုံးများမှထွက်ရှိသည့်  စွန့်ပစ် ပစ္စည်းများမှ      သဘာဝမြေဩဇာထုတ်လုပ်နိုင်မှု  အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်  နေပြည်တော်စည်ပင်သာယာရေး ကော်မတီ  ဒုတိယမြို့တော်ဝန်၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့်     ဌာနဆိုင်ရာများက    စွန့်ပစ်ပစ္စည်းများ စုဆောင်းရရှိမှုနှင့်   သဘာဝမြေဩဇာထုတ်လုပ်နိုင်မှု အခြေအနေများကို      သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍    နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ်        ပေါင်းစပ်ညှိနှိုင်းပေးပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း   သဘာဝ မြေဩဇာထုတ်လုပ်နိုင်မည့် စက်ရုံများပေါ်ထွန်းလာ စေရေးနှင့် သဘာဝမြေဩဇာများ   လုံလောက်မှုရှိစေ ရေး   လိုအပ်သည့်ကူညီမှုများ  ဆောင်ရွက်ပေးမည့် အခြေအနေနှင့်  မျိုး၊  မြေ၊  ရေ၊  နည်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်         အခြေအနေများကို ပြောကြားခဲ့ကြောင်း သိရသည်။          သတင်းစဉ်