
ထားဝယ် အောက်တိုဘာ ၂၈
သဘာဝဘေးကြောင့် မိုးစပါးထိခိုက်ပျက်စီးပြန်စိုက်ဧကအပေါ်ယူရီးယားမြေသြဇာ ထောက်ပံ့ပေးအပ် ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၁ ခုနှစ် မိုးရာသီတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း သဘာဝဘေးကြောင့် မိုးစပါး ထိခိုက် ပျက်စီးပြီး ပြန်စိုက် ရသော စိုက်ဧကများအပေါ်တွင် နိုင်ငံတော်က ယူရီးယားဓာတ်မြေ သြဇာ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများအား အခွင့်အရေး ကာကွယ်ရန်နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အရ လိုအပ်သည်များကို အစဉ် တစိုက် အကူအညီများ ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် က တောင်သူလယ်သမားများ အပေါ်တွင်ထားရှိသော စေတနာ များကို အသိအမှတ်ပြု တန်ဖိုး ထားပြီး တောင်သူများအနေဖြင့် လည်း မိမိစိုက်ပျိုးရမည့် မိုးစပါး၊ နွေစပါးများကို အောင်အောင် မြင်မြင် စိုက်ပျိုးသွားရန်နှင့် စိုက်ရန်ရှိသည့် သီးထပ်သီးညှပ် များကိုပါ တစ်ပါတည်း ပေါင်းပြီး လိုအပ်သည်များကို ပြည့်မီ အောင် စိုက်ပျိုးသွားရန် လိုအပ် ကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆန်စပါးရာခိုင်နှုန်း အပြည့် မဖူလုံသောကြောင့် အစိုးရအဖွဲ့အနေဖြင့် စိုက်ဧက များ တိုးချဲ့ရန်၊ စိုက်ပျိုးနည်းစနစ် များ တိုးချဲ့ရန်၊ မိုးစပါးပြောင်းလဲမှု များနှင့် လိုအပ်သော ဓာတ်မြေ သြဇာများကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေ ဖြင့် ယူရီးယားဓာတ်မြေသြဇာကို နွေစပါးအတွက်လည်း ထပ်မံပြီး နိုင်ငံတော်က သက်သာသော စျေးနှုန်းများဖြင့် ဆက်လက်ပြီး ရောင်းချပေးရန် အစီအစဉ် ရှိကြောင်း၊ ဒေသဝမ်းစာဖူလုံရေး အတွက် ဝိုင်းဝန်းပြီးဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့က သဘာဝ ဘေးကြောင့် မိုးစပါးထိခိုက် ပျက်စီးပြန်စိုက်ဧက ၈၆၄ အား ယူရီးယား မြေသြဇာထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိ သူများက လက်ခံယူပြီး တောင်သူများကိုယ်စား တနင်္သာရီ မြို့နယ်မှ တောင်သူကိုယ်စား လှယ် ဦးထွန်းဝေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)