သဘာဝဘေးကြောင့် မိုးစပါးပျက်စီးဆုံးရှုံးသွားသော တောင်သူများအား မြေဩဇာများထောက်ပံ့

 

ဘားအံ အောက်တိုဘာ ၃၀


ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယူရီးယားမြေဩဇာအိတ်များကို အောက်တိုဘာ ၂၈ ရက်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

 


မြေဩဇာအိတ်များ  ပေးအပ်ရာတွင်  ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ဖာပွန် နှင့် သံတောင်မြို့နယ်တို့မှလွဲ၍  ကျန်မြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊  အဓိကအား ဖြင့် မိုးစပါးဧက သုံးထောင်ကျော်ခန့်  ရေကြီးနစ်မြုပ် ၍ ပျက်စီးခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျိုးစပါးနှင့် ပြောင်းမျိုးစေ့များကို ထောက်ပံ့ပေးအပ် ပြီး   ယခု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက   ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကများအတွက် တစ်ဧကလျှင်   ယူရီးယား ဓာတ်မြေဩဇာ တစ်အိတ်နှုန်း  ထောက်ပံ့ပေးအပ် ခြင်းဖြစ်ကြောင်း၊      စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်၍    ပြည်ပသို့   တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ဆန်၊ စပါး၊ ပြောင်း၊ ပဲအမျိုးမျိုးတို့ကို တင်ပို့ရောင်းချနေရပြီး မြေလွတ်မြေလပ်မကျန်အောင် စိုက်ပျိုးလုပ်ကိုင်ကြရန်လိုကြောင်း၊ လိုအပ်သည်များနှင့် အခက်အခဲများ ကို     ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်၊    ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်    ဦးသိန်းကိုကို၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမျိုးမင်းနောင်၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်တို့က    ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၉ အုပ်စုမှ  သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော  တောင်သူ ၈၁၅ ဦး၏   လယ်မြေ ၁၃၃၈ ဧကအတွက်    ယူရီးယား မြေဩဇာများကို   တောင်သူကိုယ်စားလှယ်များထံ ပေးအပ်သည်။ 

 


ဆက်လက်၍     ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်  လှိုင်းဘွဲမြို့နယ်   သမ္ဘာန်ကျေးရွာ မျိုးသန့်ခြံသို့ သွားရောက်ပြီး   တောင်သူများနှင့်   ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာများ  မေးမြန်းဆွေးနွေး ကာ လိုအပ်သည်များကို    ညှိနှိုင်းဆောင်ရွက်ပေးပြီး မျိုးစေ့သိုလောင်ရုံ၌  ပိုင်အိုးနီးယား သီးနှံစုံအခြောက်ခံ စက်        တောင်သူရှင်းလင်းသရုပ်ပြပွဲကိုလည်း တက်ရောက်အားပေးသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)