သဘာဝဘေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာ၀များ၊ ပြင်းထန်အား၊ ဖျက်ဆီးအားများကို မျက်ခြည်မပြတ်လေ့လာပြီး သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေအသုံးပြု ဆောင်ရွက်နေကြရမည်

နေပြည်တော်   ဒီဇင်ဘာ   ၂၂ 


အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ     စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန      အစည်းအဝေးခန်းမ၌ ကျင်းပရာ    အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ၊      ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း တက်ရောက်       အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ များ၊ ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများနှင့်   တာဝန်ရှိသူများ 
တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊   ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊  လေ)မှ  တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက  ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။


ဆွေးနွေးညှိနှိုင်းရန်


ရှေးဦးစွာ   နိုင်ငံတော်စီမံအုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က ယနေ့အစည်းအဝေးတွင် လာနီညာ ဖြစ်စဉ်၏     နောက်ဆက်တွဲသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စ၊ နွေရာသီအပူချိန် မြင့်တက် ပြင်းထန်မှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စ၊ မိုးကြိုကာလ လေပြင်းမုန်တိုင်း ကျရောက်နိုင်မှုအပေါ် ကြိုတင်ပြင်ဆင်  ဆောင်ရွက်ရမည့်ကိစ္စ များနှင့်ပတ်သက်၍       ဒုတိယအကြိမ် ဆွေးနွေးညှိနှိုင်းရန်နှင့်     သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအကြား ညှိနှိုင်းပူးပေါင်းဆောင် ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးကြ ရန်ဖြစ်ကြောင်း။


ယနေ့ကာလတွင်  ကမ္ဘာ့ရာသီဥတု  ဖောက်ပြန်ပြောင်းလဲလာမှုများနှင့်အတူ  သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု   ပိုမို များပြားလာခြင်း၊ ပိုမိုအင်အားပြင်းထန် လာခြင်းတို့သည်    ထူးခြားဖြစ်စဉ်များ မဟုတ်တော့ဘဲ   ကမ္ဘာပေါ်တွင်   ပုံမှန် ဖြစ်ပေါ်ခံစားလာရသည့်        သဘာဝ ဘေးအန္တရာယ်များ ဖြစ်လာနေသည်ကို မြင်တွေ့သိရှိရကြောင်း။


ထို့ကြောင့်  သဘာဝဘေးစီမံခန့်ခွဲမှု များ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ် များ၏      ပြုပြင်ပြောင်းလဲလာသော  သဘောသဘာဝများ၊   ပြင်းထန်အား၊ ဖျက်ဆီးအားများကို    မျက်ခြည်မပြတ် လေ့လာပြီး       သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်း များကို    ရှာဖွေအသုံးပြု   ဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊      သဘာဝ ဘေးအန္တရာယ်များနှင့်  ပတ်သက်လျှင် အစဉ်အမြဲ  နိုးနိုးကြားကြား  ရှိနေရန်၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင်သင့်ဖြစ်နေ ရန်၊ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများနှင့်  ရေရှည်ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ရင်းနှီးဆောင်ရွက်ရန် လိုအပ် ကြောင်း။ 
မိမိတို့နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ပထဝီဝင်အနေအထားနှင့်    ယခင်က ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအရ  တစ်နိုင်ငံလုံးဖြစ်ပွားနိုင်သည့်  သဘာဝဘေးအန္တရာယ်များနှင့်   နေရာ ဒေသပေါ်မူတည်၍     ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၊ ရာသီကာလအလိုက် ဖြစ်တတ်သော    ဘေးအန္တရာယ်များ၊ အချိန်အခါမရွေး၊    နေရာဒေသမရွေး ဖြစ်ပေါ်လာနိုင်သော          သဘာဝ ဘေးအန္တရာယ်များကို ခွဲခြားသိရှိနိုင်ရန် ဒေသအလိုက်   မည်သည့်အချိန်တွင် မည်သို့သော   သဘာဝဘေးအန္တရာယ် များ     ဖြစ်ပေါ်လာနိုင်သည်ဆိုသည်ကို  ကြိုတင်မှန်းဆပြီး   ကြိုတင်ပြင်ဆင်မှု များနှင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ တုံ့ပြန်ဆောင်ရွက်မှု များအတွက်     အမြဲအဆင်သင့်ဖြစ်နေ စေရေး       ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။


ရာသီကာလအလိုက်    ဖြစ်ပွားလေ့ ရှိသည့်  သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍    အနီးစပ်ဆုံးဖြစ်သည့် ယခုကာလကို          ကြည့်မည်ဆိုလျှင် ဆောင်းရာသီဖြစ်သည့်အတွက် သဘာဝ ဘေးဖြစ်ပွားမှု နည်းပါးနိုင်သည့် ရာသီ ကာလဖြစ်သော်လည်း နိုဝင်ဘာ ၂၀ ရက် က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ       လာနီညာအခြေအနေ သတင်းထုတ်ပြန်ချက်များ တွေ့ရှိရမှုနှင့် နိုင်ငံတကာ        မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ    ဒီဇင်ဘာလတွင် အားအနည်းငယ်မှ  အားအသင့်အတင့် ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင် ကြောင်း၊ လာနီညာဖြစ်စဉ်သည်  ပစိဖိတ် သမုဒ္ဒရာတွင်    ဖြစ်ပေါ်သည့်   ဖြစ်စဉ် ဖြစ်သော်လည်း   အကျိုးသက်ရောက်မှု အနေဖြင့်  ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်နိုင်ခြင်း၊      အရှေ့မြောက် မုတ်သုံလေအားကောင်းမှုကြောင့်  မြန်မာ နိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်း များ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာ ခြင်း   စသည့်     ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း      ထုတ်ပြန်ထားသည် ကို တွေ့ရှိရကြောင်း။


ကြိုတင်ထုတ်ပြန်ဆောင်ရွက်


ထို့ကြောင့် ယခုကာလသည် သာမန် အားဖြင့်      သဘာဝဘေးဖြစ်ပွားနိုင်မှု နည်းပါးနိုင်သည်ဆိုသော်လည်း လာနီညာ ဖြစ်ပေါ်နိုင်သော အခြေအနေပေါ်မူတည်၍ မထင်မှတ်ထားသည့်   ဘေးအန္တရာယ် များလည်း       ဖြစ်ပေါ်နိုင်သည့်အတွက် လာနီညာဖြစ်ပေါ်နိုင်သည့် အနေအထား နှင့်      ဆက်စပ်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက် ၍ စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ရန်၊ ကြိုတင်ခန့်မှန်းချက်များ၊ သတိပေးချက် များ ကြိုတင်ထုတ်ပြန်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။


အလားတူ ဆောင်းရာသီကာလသည် အပူချိန်လျော့နည်းသော်လည်း ခြောက် သွေ့သော    အနေအထားမျိုးဖြစ်သည့် အတွက်    မီးဘေးအန္တရာယ်ကိုလည်း သတိပြုရမည့်      ကာလဖြစ်ကြောင်း၊ နွေရာသီနှင့်လည်း    ဆက်စပ်သွားမည် ဖြစ်သည့်အတွက် ယခုအချိန်ကာလတွင် မီးဘေးအန္တရာယ်အတွက်     ကြိုတင် ပြင်ဆင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်သည် အိုးအိမ်၊ ပစ္စည်းဥစ္စာဆုံးရှုံးမှု ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ပြည်သူလူထု အတွက် ဆုံးရှုံးနစ်နာမှု ပိုမိုများပြားသည် ကို  တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ပြည်သူ လူထုအသိပညာပေးမှုများ၊ ရပ်ရွာအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် မှုများ   တိုးမြှင့်ဆောင်ရွက်ရန်   မီးငြှိမ်း သတ်ရေး    ကြိုတင်စုဖွဲ့ပြင်ဆင်မှုများ၊ ပစ္စည်းကိရိယာ၊   ယာဉ်ယန္တရား စသည် လိုအပ်ချက်များကို        သက်ဆိုင်ရာ ပြည်နယ်နှင့်      တိုင်းဒေသကြီးများ၏ ဆက်စပ်သည့်ဌာန၊   အဖွဲ့အစည်းများ ပူးပေါင်းညှိနှိုင်း    ဆောင်ရွက်ထားကြရ မည်ဖြစ်ကြောင်း။


နွေအကုန်နှင့်     မိုးဦးရာသီကာလ များတွင် လေပြင်းတိုက်ခတ်မှုများ၊ ပုံမှန်  ဖြစ်ပေါ်နေပြီး  ရံဖန်ရံခါတွင်  လေပြင်း တိုက်ခြင်း၊  မိုးသည်းထန်ခြင်းနှင့်အတူ မိုးသီးကြွေမှုများ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နှစ်စဉ်လေပြင်း  ဘေးကြောင့်    အိုးအိမ်ပျက်စီးမှုများ အများဆုံးဖြစ်ကာ ပြည်သူလူထုအပေါ် တိုက်ရိုက်ထိခိုက်ပြီး အထူးသဖြင့် နွမ်းပါး သည့်  မိသားစုများအပေါ် သက်ရောက်မှု ပိုမိုများပြားသည်ကို     တွေ့ရမည်ဖြစ် ကြောင်း၊   ထို့ကြောင့်    လေပြင်းဘေး အန္တရာယ်နှင့်ပတ်သက်၍လည်း ကြိုတင်  ကာကွယ်မှု၊    ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်ရန်     လိုအပ် ကြောင်း။
ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်
အနှစ်ချုပ်မည်ဆိုလျှင် ယခုဆောင်းရာသီ ကာလ၊ နွေရာသီကာလနှင့် မိုးဦးရာသီ များတွင် သာမန်အားဖြင့် ဖြစ်ပေါ်တတ် သည့်  အအေးလွန်ကဲသော   အန္တရာယ်၊ မီးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ် များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက် ရန်လိုကြောင်း၊       ထို့ပြင်    ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် မထင် မှတ်ဘဲ ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကိုလည်း   မျက်ခြည် မပြတ်    ဆန်းစစ်လေ့လာပြင်ဆင်ရန် လိုကြောင်း၊ ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်း မရှိဘဲ    အချိန်တိုင်း၊   နေရာတိုင်းတွင် ဖြစ်ပေါ်နိုင်သော  ငလျင်ဘေးအန္တရာယ် ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက်လည်း အမြဲအဆင်သင့် ဖြစ်နေရန်လိုကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်    အချိန် တိုင်း သတိ၊ အသိ၊ နိုးကြားမှုနှင့် လှုပ်ရှား ဆောင်ရွက်မှုများရှိနေရန်   လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်    မိမိတို့၏ လုပ်ငန်းတာဝန်များကို     တစ်ဦးချင်း ဆောင်ရွက်ရမည့်လုပ်ငန်း၊ အဖွဲ့အစည်း နှင့် ဆောင်ရွက်ရမည့်  လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း      ဆောင်ရွက်ရမည့် ကိစ္စရပ်များကို   နှောင့်နှေးကြန့်ကြာမှု များမရှိစေဘဲ တက်ညီလက်ညီ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရန်     ပြောကြား လိုကြောင်း။


ထို့ပြင် သဘာဝဘေးလျော့နည်းရေး လုပ်ငန်းများကို     ပြည်သူလူထုမှအစ အားလုံးနှင့်သက်ဆိုင်သည့်   လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း     နားလည်သဘော ပေါက်ပြီး    လူမှုရေးအဖွဲ့အစည်းများ၊ ပညာရပ်ပိုင်းဆိုင်ရာ  အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ    အပါအဝင် ပြည်သူတစ်ရပ်လုံး  ပူးပေါင်းပါဝင်လာ စေရန်လည်း စည်းရုံးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။ 


မိမိတို့တွင် ယခင်အတွေ့အကြုံများစွာရှိပြီးဖြစ်၍ အားနည်းချက်များ၊ လိုအပ် ချက်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ ဆောင်ရွက်ချက်များသည်      သဘာဝ ဘေးကြောင့်     ထိခိုက်ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရေး အလေးထားကာ အားလုံးပူးပေါင်း     အကောင်အထည် ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း။ 
စီမံဆောင်ရွက်ကြရမည်


သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းများ  ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်လာမှသာ ရင်ဆိုင်တုံ့ပြန်ဖြေရှင်း   ဆောင်ရွက်ကြ သည်ထက် ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်မြော်တွေး  မှန်းဆကာ    လိုအပ်သည့်     ကြိုတင် ကာကွယ်မှုများ၊  ကြိုတင်ပြင်ဆင်မှုများ ကို ဖြစ်နိုင်သမျှသော  နည်းလမ်းများနှင့် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်       သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ယခုထက် ပိုမိုအလေးထား    ဆောင်ရွက်သွားရန် လိုအပ်ပြီး နိုင်ငံတကာနှင့်လည်း စဉ်ဆက် မပြတ်     ချိတ်ဆက်ဆောင်ရွက်ရန်၊ မူဘောင်များ၊   သဘောတူညီချက်များ ကိုလည်း      လိုက်နာဆောင်ရွက်ရန်၊ နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာအသုံးပြု   ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။ 
နိဂုံးချုပ်အနေဖြင့် ဝန်ကြီးဌာနများ အနေဖြင့် မိမိတို့၏ မူလလုပ်ငန်းတာဝန် များကို သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ချိတ်ဆက်၍ ကဏ္ဍအလိုက် ပါဝင် ဆောင်ရွက်ကြရန်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေ ဖြင့်လည်း    မိမိတို့ဒေသ   သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍   လုံခြုံမှု ရှိစေရေးနှင့် သဘာဝဘေးရင်ဆိုင်တုံ့ပြန် နိုင်စွမ်းမြင့်မားသည့် ရပ်ရွာအသိုက်အဝန်း ဖြစ်စေရေး        စီမံဆောင်ရွက်ကြရန်  တိုက်တွန်း     ပြောကြားလိုကြောင်း၊  ဆောင်ရွက်သွားမည့်     အစီအမံများ၊ ဆောင်ရွက်လိုသည့်     လုပ်ငန်းများ၊ ဆောင်ရွက်သင့်သည့် အကြံပြုချက်များ နှင့် အခြားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း  ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ဆွေးနွေးကြစေလိုကြောင်း   ပြောကြား သည်။ 


ထို့နောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သော  ပြည်ထဲရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု   လုပ်ငန်းကော်မတီများ၏      လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်  နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး     ဒေါက်တာသက်သက်ခိုင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍     လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။ 


ယင်းနောက်    အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ          စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က           သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှုများ၊   ဆက်စပ် အစည်းအဝေး       ကျင်းပခဲ့မှုများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ       အစည်းအဝေး (၁/၂၀၂၁)     ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို   ရှင်းလင်း တင်ပြသည်။
ထို့နောက်    စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ  အတွင်းရေးမှူး  အမြဲတမ်း အတွင်းဝန်    ဒေါက်တာကိုကိုနိုင်က  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေရရှိမှု၊    သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြ ၍ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက် ကို ရယူသည်။ 


ယင်းနောက်     အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း ၍     သက်ဆိုင်ရာကဏ္ဍာများအလိုက် ရှင်းလင်းတင်ပြကြသည်။    


ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင် တို့က အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ     စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။ 


ယင်းနောက်      စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး             ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ      စီမံခန့်ခွဲမှု ကော်မတီ(၂/၂၀၂၁)     အစည်းအဝေး ဆုံးဖြတ်ချက်များကို    ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူသည်။     
ယင်းနောက်   အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ            စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြဆွေးနွေး ချက်များအပေါ် ပြန်လည်ဖြေရှင်းပေးပြီး နိုင်ငံတော်အဆင့် လာနီညာနောက်ဆက် တွဲဖြစ်စဉ်၊   နွေရာသီအပူချိန်မြင့်တက် ပြင်းထန်မှု၊ မီးဘေးအန္တရာယ်နှင့် မိုးကြို ကာလ   လေပြင်းမုန်တိုင်းတိုက်ခတ်မှု နောက်ဆက်တွဲ      ဖြစ်စဉ်များအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်  ပါအတိုင်း နိုင်ငံတော်အဆင့် Working Group Level မှစ၍ Table Talk Exercise ကို စတင်ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ရန်နှင့်    Working Group Level Exercise ပြီးပါက ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌများ၊  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ       အဆင့်အထိ  ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ တစ်ရပ်လုံး ပါဝင်လာသည့် ဒေသအလိုက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်  ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး လေ့ကျင့် ခန်းများပြုလုပ်နိုင်ရေး       ရည်ရွယ် ဆောင်ရွက်ကြရန် မှာကြားပြီး အစည်း အဝေးကို  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                           
သတင်းစဉ်