သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေး အစီအမံများ စနစ်တကျကြိုတင်ပြင်ဆင်

 

နေပြည်တော် ဇွန် ၁၀


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကနဦးလိုအပ်ချက် စစ်တမ်း ကောက်ယူ ရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက် များဆန်းစစ်ဖော်ထုတ်ရေး    လုပ်ငန်းကော်မတီ (၁/၂၀၂၂ ) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန် နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန  ရုံးအမှတ်(၂၆)   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ရှိန်က    အမှာစကားပြောကြားပြီး     လုပ်ငန်း ကော်မတီအတွင်းရေးမှူး   ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က    လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်၊ တိုးတက်မှုအခြေအနေများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစစ်တမ်း    (၂၀၂၁)  ခုနှစ် ကောက်ယူခဲ့ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီး/ပြည်နယ်အလိုက်  လုပ်ငန်းဆောင်ရွက် မှုအခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းကောက်ယူရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက အချိန်ကာလအလျောက်   ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ၊    ဘေး အန္တရာယ် မကျရောက်မီဆောင်ရွက်ရမည့်အစီအစဉ် များကို စနစ်တကျကြိုတင်ပြင်ဆင်ထားရေး၊ သဘာဝ ဘေးအန္တရာယ်     ကျရောက်လာသည့်အခါတွင် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ကို လျင်မြန်ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ရေး၊ ဘေးအန္တရာယ် တစ်ခုဖြစ်ပွားပြီးနောက် ကနဦးလိုအပ်ချက်များ၊ ရေရှည်အတွက် လိုအပ်ချက် များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် သည့်အခြေအနေများကို  ဆန်းစစ်ဖော်ထုတ်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်   ဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်သည့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များဖော်ထုတ် ရေး၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာစစ်တမ်းများ ကောက်ယူရေး၊ ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း ပြန်လည် ထူထောင်ရေးနှင့်    ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက် များကို  အချိန်နှင့်တစ်ပြေးညီ  ဖြည့်ဆည်းပေးနိုင်ရေး၊ ထိရောက်သည့် အရင်းအမြစ်ခွဲဝေမှုဖြစ်စေရေးနှင့် ဘေးအန္တရာယ်ခံစားရသူတိုင်း အကူအညီရရှိနိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့များအကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရေး၊ စာရင်းဇယားအချက်အလက် များ တိကျမှန်ကန်ရေးနှင့်  မြေပြင်အခြေအနေနှင့် ကိုက်ညီစေရေးတို့ကို မှာကြားသည်။ 

 


အစည်းအဝေးသို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အဆောက် အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးများနှင့်    ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်