သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  မေ  ၁၇


အလွန့် အလွန်  အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း      “မိုခါ” ဝင်ရောက်ခဲ့မှုကြောင့်   သဘာဝ ဘေးအန္တရာယ်      ကျရောက်ခဲ့ရ သည့် ဒေသများတွင် တပ်မတော်မှ ကြိုတင်စုဖွဲ့   စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့်  ကူညီကယ်ဆယ်ရေး နှင့်        ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို             အင်တိုက် အားတိုက်  ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

 


အဆိုပါ        သဘာဝဘေး အန္တရာယ်  ကူညီကယ်ဆယ်ရေး အဖွဲ့ကို   ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”  မဝင်ရောက်မီကတည်း ကပင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ကြိုတင်စုဖွဲ့ခဲ့ခြင်း ဖြစ်ပြီး          မုန်တိုင်းဦးတည် ဝင်ရောက်နိုင်သော  ဒေသများနှင့် ဆက်စပ်နေသော    ဒေသများသို့   လျင်မြန်စွာ  သွားရောက်နိုင်ရေး ဂွ၊ အမ်း၊  ကျောက်တော်၊  ပုသိမ်၊ ပြည်၊ မကွေး စသောဒေသများသို့ ယာဉ်အုပ်စု ၁ စုတွင် တပ်မတော်မှ အရာရှိကြီး   တစ်ဦး  လိုက်ပါ၍ ယာဉ်အုပ်စု ၁၀ စုကို မေ ၉ ရက် တွင် စတင်စုဖွဲ့ခဲ့ပြီး မေ ၁၂ ရက် တွင် ရန်ကုန် စုရပ်မှ စတင်ထွက်ခွာ ကြသည်။ 

 


ယင်း  သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စု များအနက်         တစ်နာရီလျှင် သောက်ရေ ဂါလန်  ၄၀၀  သန့်စင် ပေးနိုင်သည့်    ရေသန့်စင်ယာဉ် အပါအဝင် ယာဉ် ၁၈  စီးပါဝင်သည့်   ယာဉ် အုပ်စု ၁ သည် စစ်တွေမြို့သို့ မေ ၁၅ ရက်တွင် ရောက်ရှိအခြေပြု ၍  မေ  ၁၆  ရက်နှင့်    ယနေ့တွင် ရန်ကုန်-  စစ်တွေ      ကားလမ်း တစ်လျှောက်   သဘာဝဘေးဒဏ် ကြောင့်   ကျိုးကျ၍    လမ်းပန်း ဆက်သွယ်မှုများ   ပိတ်ဆို့လျက်ရှိ သည့် သစ်ပင်၊ သစ်ကိုင်းများအား  ရှင်းလင်း           ဖယ်ရှားပေးခြင်း၊ ရေသန့်ယာဉ်၊  ရေသယ်ယာဉ်များ ဖြင့် သောက်သုံးရေ အခက်အခဲဖြစ် ပေါ်နေသောနေရာများသို့ ရေပေး ဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ် လင်များ    ဖြန့်ဝေပေးခြင်းတို့ကို နယ်မြေခံလုံခြုံရေး   တပ်ဖွဲ့ဝင် များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍   ကူညီဆောင်ရွက် လျက်ရှိပြီး ယာဉ်အုပ်စုတွင် ပါဝင် သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကလည်း စစ်တွေမြို့ပေါ်၌ လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို   ဆောင်ရွက်ပေး သည်။ 

 


အလားတူ    ကျောက်ဖြူမြို့ တွင် မေ  ၁၆  ရက်က  ရောက်ရှိ အခြေပြုလျက်ရှိသည့် ရေသန့်စင် ယာဉ် အပါအဝင်  ယာဉ်   ၁၂   စီး ပါဝင်သည့် ယာဉ်အုပ်စု ၆ မှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် လည်း ယနေ့တွင် ကျောက်ဖြူမြို့ နှင့်    ပတ်ဝန်းကျင်တစ်ဝိုက်တို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်   ပျက်စီးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊         အများ ပြည်သူများ            ပုံမှန်အတိုင်း သွားလာအသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ  ရှင်းလင်း ပေးခြင်းများကို  ဆောင်ရွက်ပေး လျက်ရှိပြီး ယာဉ်အုပ်စုတွင် ပါဝင် သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကလည်း   ကျောက်ဖြူမြို့ပေါ်၌ လိုအပ်သည့် ဆေးကုသပေးမှုများ ကို ဆောင်ရွက်ပေးသည်။ 

 


ကျန်ရှိသည့်     သဘာဝဘေး အန္တရာယ်    ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများအနေဖြင့်   ရခိုင် ပြည်နယ်  မောင်တော၊   ဘူးသီး တောင်၊   ရသေ့တောင်၊   ပုဏ္ဏား ကျွန်း၊         ကျောက်တော်နှင့် မြောက်ဦးမြို့တို့၌          ကူညီ ကယ်ဆယ်ရေးနှင့်    ပြန်လည် ထူထောင်ရေး        လုပ်ငန်းများ    ဆောင်ရွက်ပေးနိုင်ရေးအတွက်    လမ်းကြောင်း    တစ်လျှောက်   သစ်ပင်       သစ်ကိုင်းပိတ်ဆို့        လဲကျနေမှုများအား      ဖယ်ရှား ရှင်းလင်းခြင်း၊      မြေပြိုပိတ်ဆို့မှု များအား        ရှင်းလင်းခြင်းတို့ကို ပြုလုပ်၍   အမြန်ဆုံးရောက်ရှိ နိုင်ရေး  ဆက်လက်ချီတက်လျက် ရှိကြောင်း သိရှိရသည်။ 

 


အဆိုပါ     ယာဉ်အုပ်စုများ၌ အင်ဂျင်နီယာ      တပ်ဖွဲ့ဝင်များ၊ ထောက်ပံ့နှင့်       ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးမှ  တပ်ဖွဲ့ဝင် များ၊  ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊    ဆက်သွယ်ရေး တပ်ဖွဲ့ဝင်များ၊    စစ်လက်နက် ပစ္စည်း      ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊    ပြန်ကြားရေး လုပ်ငန်း ဆောင်ရွက်ရန် တပ်ဖွဲ့ ဝင်များ ပါဝင်ပြီး ယာဉ်အုပ်စုများ တွင် မော်တော်ယာဉ်များ၊ ပဲ့ချိတ် စက်များ၊ ဖိုက်ဘာတိုက်လှေများ၊ ချိန်းဆောများနှင့်    လက်သုံး ကိရိယာများ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်    ဗောကွင်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ၊ ပစ္စည်း ၁၄ မျိုးပါ   အရေးပေါ် သေတ္တာများ၊   မြွေအဆိပ်ဖြေဆေး အပါအဝင် ဆေးမျိုးစုံ၊ အရေးပေါ် ဆက်သွယ်ရေး          စက်မျိုးစုံနှင့် အခြားလိုအပ်သော   ဆက်စပ် ပစ္စည်းများပါရှိကြောင်း သိရှိရပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး နှင့်              ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း   သိရှိရ သည်။ 

 


ထို့ပြင်   တပ်မတော်အကြီး အကဲ၏       လမ်းညွှန်မှုများအရ ကာကွယ်ရေး         ဦးစီးချုပ်ရုံး (ကြည်း)၊   ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး     ကွပ်ကဲမှု အောက်မှ  ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့်     အထူးဆေး ကုသရေးအဖွဲ့သည် မေ ၁၆ ရက် တွင် စစ်တွေမြို့သို့  ရောက်ရှိခဲ့ပြီး ယနေ့တွင် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ် ၍ နယ်မြေခံကျန်းမာရေးများနှင့်   ပူးပေါင်း၍   ဆေးကုသမှုပေးရန် လိုအပ်သော  သဘာဝဘေးဒဏ် သင့်  ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ထိုသို့ဆေးကုသ ပေးနေမှုများကို    အနောက်ပိုင်း တိုင်း     စစ်ဌာနချုပ်   တိုင်းမှူးနှင့်  တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုပြီး      လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်