
သဲကုန်း မေ ၄
ပဲခူးတိုင်းဒေသကြီး နတ်တလင်း ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာ အီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine-MEVM) ဖြင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဆိုပါ မြန်မာအီလက်ထရော နစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ပြည်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝေနော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီ များ၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများ တက် ရောက်ကြပြီး လက်တွေ့စမ်းသပ် မဲပေး လေ့လာကြသည်။
အခမ်းအနားတွင် ဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြော ကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်က မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးပုံအဆင့်ဆင့်ကို ပါဝါပွိုင့် ဖြင့် ရှင်းလင်းပြသကာ မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ် သရုပ်ပြမဲပေးခြင်း ဆောင်ရွက် ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ အကြံပြု ပြောကြားခြင်းများကို တာဝန်ရှိသူများက ဖြေကြား ဆွေးနွေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)