
နေပြည်တော် ဧပြီ ၂၈
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရ သည့် ဆရာတော်ကြီး ငါးပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံး ခန်းမဆောင်၌ ပြုလုပ်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ နိုင်ငံတော် ဩဝါဒါစရိယ ကျောက်ဖြူမြို့ နဂါးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသ အမှူးပြုသော မြို့နယ်အသီးသီးမှ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဆရာ တော်ကြီးများ ကြွရောက်တော်မူ ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် မြို့မိမြို့ဖများတက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် သံဃမဟာနာယက တွဲဖက် အကျိုးတော်ဆောင် မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ထို့နောက် ကျောက်ဖြူမြို့ နဂါးကျောင်းတိုက် ပဓာန နာယကဆရာတော်က သမ္မောဒနီယ ဩဝါဒကထာ မိန့်ကြား ချီးမြှင့်တော်မူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်းခံရသည့် ဆရာတော်ကြီး များအား ထပ်ဆင့်ဂုဏ်ပြုလွှာ များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြပြီး သံတွဲမြို့ မဟာဗောဓိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကလျာဏထံမှအနုမောဒနာ တရား နာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေး ဝေကြ၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်