
ရန်ကုန် ဧပြီ ၂၆
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စန်ရှီးပြည်နယ် ရှီအန်းမြို့၌ ဧပြီ ၂၄ ရက်မှ ၂၅ ရက် အထိ ကျင်းပသည့် အာရှယဉ်ကျေး မှုအမွေအနှစ်များ ကာကွယ်ရေး ဆိုင်ရာ မဟာမိတ်အဖွဲ့ တည် ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ မွန်းလွဲ ပိုင်းတွင် တရုတ်နိုင်ငံမှ လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။
ပြည်ထောင်စု ဝန်ကြီးအား တရုတ်နိုင်ငံသံရုံးနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အာရှယဉ်ကျေးမှု အမွေအနှစ် များ ကာကွယ်ရေးဆိုင်ရာ မဟာ မိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ သည် မူလအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ မဟာမိတ် အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့်အတူ သီရိလင်္ကာ နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့ လည်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ကြ သည်။ အဆိုပါအစည်းအဝေး သို့ မူလအဖွဲ့ဝင် ၁၀ နိုင်ငံ အပြင် လေ့လာသူနိုင်ငံများအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘတ်ကစ္စတန်နိုင်ငံ၊ ဗီယက် နမ်နိုင်ငံတို့ တက်ရောက်ခဲ့ကြ သည်။
မဟာမိတ်အဖွဲ့ ကောင်စီ အစည်းအဝေးတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အဖွဲ့ဝင်နိုင်ငံအသစ်အနေဖြင့် လည်းကောင်း၊ မဟာမိတ်အဖွဲ့ တည်ထောင်မှု အခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံ၏ ယဉ်ကျေးမှု ဝန်ကြီးအနေဖြင့် လည်းကောင်း မိန့်ခွန်းပြောကြားခဲ့သည်။
ယင်း အစည်းအဝေးတွင် တက်ရောက်လာသော အဖွဲ့ဝင် နိုင်ငံများက အာရှယဉ်ကျေးမှု အမွေအနှစ်များ မဟာမိတ်အဖွဲ့ စည်းမျဉ်းစည်းကမ်းမူကြမ်းများ ကို အတည်ပြုခြင်း၊ ၂၀၂၃ - ၂၀၂၄ လုပ်ငန်းစဉ်ကို ဆွေးနွေးခြင်း၊ မဟာမိတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ရွေးချယ်ခြင်း နှင့် ရှီအန်းကြေညာချက် အတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အကြား ယဉ်ကျေးမှုနှင့် ရှေးဟောင်း သုတေသနကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် H.E. SHEN Yiqin ၊ နိုင်ငံတော် ရှေးဟောင်းယဉ်ကျေး မှု အမွေအနှစ်ဗျူရိုမှ တာဝန်ရှိ သူများ၊ စန်ရှီးပြည်နယ် ပါတီ အတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ယူနန် ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီး သွားလာရေးဌာနမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာရှ ယဉ်ကျေးမှုအမွေအနှစ်များ မဟာ မိတ်အဖွဲ့ အဖွဲ့ဝင်အဖြစ်ဝင်ရောက် ခြင်းဖြင့် အာရှတစ်ဝန်းရှိ ယဉ်ကျေး မှုအမွေအနှစ်များ ထိန်းသိမ်းရေး နှင့် စီမံခန့်ခွဲရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း များဖြစ်သည့် အမွေအနှစ်နေရာ ဒေသများ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ ပြတိုက် အချင်းချင်းဖလှယ်ခြင်း၊ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များ အမည်စာရင်း တင်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များတရား မဝင် တင်သွင်းခြင်းနှင့် တင်ပို့ခြင်း တို့ကို တားဆီးခြင်း၊ ဒေသတွင်း ပျောက်ဆုံးသွားသော ယဉ်ကျေးမှု ပစ္စည်းများ ပြန်လည်ရရှိမည့် အစီအစဉ်များ၌ နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ရရှိနိုင်မည်ဖြစ် သည်။
သတင်းစဉ်