သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

 

နေပြည်တော်   ဧပြီ    ၁


သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာနမှ      ကျင်းပသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာ  ယဉ်ကျေး လိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကို   ယနေ့   နံနက် ၉ နာရီတွင် နေပြည်တော်ရှိ     သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန    စုပေါင်း အစည်းအဝေးခန်းမ၌    ကျင်းပ သည်။

 


အခမ်းအနားသို့ သာသနာရေး နှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး     ဦးကိုကို၊ နေပြည်တော်ကောင်စီ       ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊  နေပြည်တော် ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်  များ၊ ဗုဒ္ဓဘာသာ  ကလျာဏယုဝ အသင်း(YMBA)  တာဝန်ရှိသူများ၊    အထူးဖိတ်ကြားထားသည့်   ဧည့် သည် တော်များ၊  သင်တန်းနည်းပြ များနှင့်  သင်တန်းသား   သင်တန်း သူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီးက  မင်္ဂလသုတ္တန်  တွင် သုံးဆယ့်ရှစ်ပါးသော မင်္ဂလာ မည်သည့်အကြောင်းအရာများကို တိကျစွာ    ထည့်သွင်းဟောကြား ခဲ့ကြောင်း၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားတော်ထဲတွင်     အကြောင်း အရာအားဖြင့်   ၁၀ ခုကို  အသေး စိတ်    ထည့်သွင်းဟောကြားခဲ့ပြီး ဆက်ဆံရေးနှင့်    ပတ်သက်သည့်  မင်္ဂလာသုံးပါး၊     နေထိုင်ရေးနှင့် ပတ်သက်သည့်     မင်္ဂလာသုံးပါး၊ ပညာရေးနှင့်         ပတ်သက်သည့် မင်္ဂလာလေးပါး၊ ပြုစုစောင့်ရှောက်  ရေးနှင့်   ပတ်သက်သည့်   မင်္ဂလာ  သုံးပါး၊   လိုက်နာကျင့်သုံးရေးနှင့် ပတ်သက်သည့်  မင်္ဂလာလေးပါး၊ ရှောင်ကြဉ်ရေးနှင့် ပတ်သက်သည့် မင်္ဂလာလေးပါး၊    စိတ်ထားရေး နှင့် ပတ်သက်သည့် မင်္ဂလာ ငါးပါး၊  သည်းခံရေးနှင့်    ပတ်သက်သည့် မင်္ဂလာ   လေးပါး၊     ခြိုးခြံရေးနှင့် ပတ်သက်သည့်   မင်္ဂလာ  လေးပါး၊  စိတ်ထားကြံ့ခိုင်ရေးနှင့် ပတ်သက် သည့်       မင်္ဂလာလေးပါးတို့ဖြစ် ကြောင်း။

 


မင်္ဂလသုတ္တန်    တရားတော် ကို   အသုံးချနိုင်ရန်    အရေးကြီး ကြောင်း၊  လောကီမင်္ဂလာတရား တော်များထဲမှ “အသေဝနာစ ဗာ လာနံ” လူမိုက်ကို  မမှီဝဲ၊ မပေါင်း သင်းဘဲ    မိမိကိုယ်ကို   အသိနှင့် သတိရှိပြီး   မပြုလုပ်မပြုသင့်သည် များကို       ရှောင်ကြဉ်ကြရန်နှင့်  အလေးထားဆောင်ရွက်ရန် အကြံ ပြု တိုက်တွန်းလိုကြောင်း၊ ပညာရှိ ကို   မှီဝဲဆည်းကပ်ခြင်း၊   ပူဇော် ထိုက်သူကို   ပူဇော်ခြင်း၊  သင့်တင့် လျောက်ပတ်သည့်    အရပ်ဒေသ တွင်   နေထိုင်ခြင်း   အစပြုသည့် မင်္ဂလာ        တရားတော်များကို လိုက်နာကျင့်သုံးကြရန် အကြံပြု တိုက်တွန်းလိုကြောင်း။

 


သင်တန်းတွင်         ဗုဒ္ဓဝင်နှင့် ပြည်သူ့နီတိလည်း  သင်ကြားပေး မည်ဖြစ်ကြောင်း၊    ပြည်သူ့နီတိ ဆိုသည်မှာ     ဆက်ဆံရမည့်သူ၊ နေရာဒေသနှင့်   အချိန်အခါများ အပေါ်မူတည်၍    ကျင့်သုံးရမည့်     လူမှုစည်းမျဉ်း၊   ကျင့်ဝတ်များဖြစ် ပြီး ပြည်သူ့နီတိကို လိုက်နာကျင့် သုံးလျှင် လိမ္မာယဉ်ကျေးသော  လူ ငယ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်  ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်းနာယက  (အထက် မြန်မာပြည်) ဦးစိုးနိုင် က အလှူငွေ ကျပ်သိန်း   ၅၀၊   ကျောက်စိမ်း ပုတီးအကုံး ၅၀၀ နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း  ဂုဏ်ထူး ဆောင် နာယက ဦးစိုးသိန်းနှင့်ဇနီး ဒေါ်ခင်ချိုအုန်းက  အလှူငွေကျပ် သိန်း ၃၀  တို့ကို    ပြည်ထောင်စု ဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
အဆိုပါသင်တန်းကို       ရက် သတ္တပတ်တစ်ပတ်ကြာ  ဖွင့်လှစ် သင်ကြားပေးမည်     ဖြစ်ကြောင်း သိရသည်။  

           

သတင်းစဉ်