သာပေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေး လူထုလှုပ်ရှားမှု အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ

 

သာပေါင်း   မေ   ၂၅


သာပေါင်းမြို့နယ်၌   ကိုဗစ်-၁၉ ရောဂါ   တားဆီး ကာကွယ်ခြင်းဆိုင်ရာ   အသိပညာပေးခြင်း   လူထု လှုပ်ရှားမှုကို လူအများသွားလာစည်ကားရာ နေရာ များ၊  လမ်းဆုံလမ်းမကြီးများ၊ ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ   ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၀င်များက  မေ  ၂၄   ရက် နံနက်ပိုင်းမှ စတင်၍  Mask Campaign  လှုပ်ရှားမှု ဆောင်ရွက် ခဲ့ကြသည်။

 


Mask Campaign   လှုပ်ရှားမှုကို  မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းများ၊ အတွင်းရေးမှူး၊   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့်  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊  ဌာနဆိုင်ရာ များ၊    လူမှုရေးအသင်းအဖွဲ့တို့မှ    ကျန်းမာရေးဝန်ကြီး ဌာန၏    လမ်းညွှန်ချက်များဖြင့် ကိုဗစ်-၁၉ ရောဂါ    မြို့နယ်အတွင်း      ကူးစက်မှု  လျော့နည်းပပျောက် စေရေးအတွက် ပြည်သူများက ကာကွယ်ရေးနည်းလမ်း များကို  ပိုမိုအလေးထားဂရုပြု လိုက်နာဆောင်ရွက်ကြ ရန်  အသိပညာပေးပြောကြားကြပြီး ခရီးသွားများ၊ ဈေးဆိုင်များ၊ ဈေးသွား ဈေးဝယ် ပြည်သူတို့အား ပါးစပ်နှင့်နှာခေါင်းစည်း ၅၀၀ ကျော် ခန့်ကို  လိုက်လံ ဝေငှပေးသည်။


သာပေါင်း(ပြန်/ဆက်)