
သာပေါင်း စက်တင်ဘာလ ၂
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆)များ Software Program ဖြင့် Database ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့က စက်တင်ဘာ ၂ ရက်က ကြည့်ရှုစစ်ဆေးကြရာ လျာထားချက် အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ် Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး နှင့် မြို့နယ်အတွင်းရှိ ပြည်သူတစ်ဦးချင်း ကိုယ်ရေးအချက်အလက်များ မှန်ကန်စေ ရေး နိုင်(၄)မှတ်တမ်းများ၊ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆)များ တိကျ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e-ID စနစ်ဖြင့် Software ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်အိမ်ထောင်စု ပမာဏမူတည်ကိန်းအရ ရက်ပေါင်း ၆၀ အတွင်း အိမ်ထောင်စုပေါင်း ၄၁၉၀၇ စု၊ လူဦးရေ ၁၅၉၆၅၂ ဦးတို့ကို Database ရေးသွင်းရမည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက် မှစတင်၍ နေ့ညမပြတ် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက်အထိ အိမ်ထောင်စု ၂၃၇၅၀၊ လူဦးရေ ၉၁၄၆၈ ဦး၊ (၅၆ ဒသမ ၇ ရာခိုင်နှုန်း) ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)