ရုရှားသမ္မတ ဗလာဒီမာပူတင် စပွတ်နစ်လိုက်ထ် ကိုဗစ်-၁၉ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူ

 

 

မော်စကို နိုဝင်ဘာ ၂၂ 
ရုရှားသမ္မတ   ဗလာဒီမာပူတင်သည်  စပွတ်နစ်လိုက်ထ်ကိုဗစ်-၁၉ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြောသည်။ 
တတိယအကြိမ်အပိုဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုခံယူ ပြီးနောက်  မိမိ၏အခြေအနေမှာ  ကောင်းမွန်ကြောင်း  စပွတ်နစ် ကာကွယ်ဆေးကို ဖန်တီးခဲ့သည့် ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ နှင့် အဏုဇီဝဗေဒဆိုင်ရာ Gamaleya သိပ္ပံနည်းကျသုတေသန အင်စတီကျု၏ ဒုတိယ ညွှန်ကြားရေးမှူး ဒန်းနစ်လိုဂူနော့ဗ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 
ပူတင်သည် မတ် ၂၃ ရက်က ပထမအကြိမ် စပွတ်နစ်ဗွီကိုဗစ်-၁၉ ကာကွယ်ဆေးထိုး မှုကို ခံယူခဲ့ပြီး ဧပြီ ၁၄ ရက်တွင် ဒုတိယအကြိမ်ဆေးထိုးမှုခံယူခဲ့သည်။  လိုဂူနော့်ဗ် နှင့်တွေ့ဆုံစဉ် ပူတင်သည် ရုရှားကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှုတွင် စေတနာ့ရှင် လုပ်ပေးခဲ့သည်။
Gamaleya အင်စတီကျုသည် ကိုဗစ်-၁၉ ရောဂါကို ကုသရန် ကာကွယ်ဆေးများကို လုပ်ဆောင်လျက်ရှိပြီး ၂၀၂၂ နှစ်ကုန်တွင် မှတ်တမ်းတင်နိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း လိုဂူနော့ဗ်က ပူတင်ကိုပြောသည်။                                             ဆင်ဟွာ