ရုရှားရေတပ်မှ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

 

နေပြည်တော် အောက်တိုဘာ ၃၀ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့  ချစ်ကြည်ရေးခရီးလာရောက်သည့်   ရုရှား ရေတပ် ပစိဖိတ်စစ်ရေယာဉ်စု   Russian Pacific Fleet မှ Captain Andrey Kuznetsov     ဦးဆောင်သော စစ်ရေယာဉ် Gremyashiy သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ    ပြန်လည်ထွက်ခွာရာ   တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊  မြန်မာနိုင်ငံဆိုင်ရာ  ရုရှားစစ်သံမှူးနှင့်  တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။

 


အဆိုပါ     စစ်ရေယာဉ်တွင်  အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain Andrey  Kuznetsov   ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၅  ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင်   အောက်တို ဘာ  ၂၈ ရက်မှ ယနေ့အထိ သုံးရက်ကြာ နေထိုင်ခဲ့ကြောင်း   သတင်းရရှိသည်။


သတင်းစဉ်