ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာပူတင်ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ
မိမိတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅) နှစ်မြောက် အခါသမယတွင် အဆွေတော်အား လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
ရုရှား-မြန်မာ ဆက်ဆံရေးသည် အမြင့်သို့ တက်လှမ်းလျက်ရှိနေပါသည်။ မိမိတို့အနေဖြင့် နိုင်ငံရေး အရ ထိတွေ့ဆက်ဆံမှုများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ တပ်မတော်ပိုင်း၊ နည်းပညာ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အခြားနယ်ပယ်များတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက် မှုများတွင် သိသာထင်ရှားစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စစ်မှန်သော သာတူညီမျှမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို အခြေခံသည့် တရားမျှတသော ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းတစ်ရပ် တည်ဆောက်ရေးအတွက် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အတူတကွ ရပ်တည်လျက်ရှိပါသည်။
မိမိတို့၏ ပူးပေါင်းအားထုတ်မှုများဖြင့် နယ်ပယ်စုံတွင် အပြုသဘောဆောင်သော နှစ်နိုင်ငံ ထိတွေ့ ဆက်ဆံမှုများကို ဆက်လက်တည်ဆောက်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ ယင်းသို့ဆောင်ရွက် ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပြီး အာရှ- ပစိဖိတ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။
အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာနိုင်ငံသားများအားလုံး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။



