ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ၊ တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၂၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ရေတပ်ဦးစီးချုပ် Vice Admiral Vladimir       KASATONOV ဦးဆောင်သည့်   ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက် တိုဘာ    ၂၄   ရက်    မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ   တပ်မတော်(ရေ)မှ အရာရှိကြီးများ၊  မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန် ရှိသူများက  လေဆိပ်၌   ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

 

ရုရှားချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်   အောက်တိုဘာ ၂၅   ရက်တွင်   နေပြည်တော်သို့ ဆက်လက်ထွက်ခွာ ရောက်ရှိခဲ့ပြီး ၂၅ ရက်၊ ၂၆ ရက်နှင့် ယနေ့တို့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ)ဦးဆောင် သော တပ်မတော်(ရေ) ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ကြသည်။ 

 


ထိုသို့      တွေ့ဆုံဆွေးနွေးရာ တွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက် မည့် ရေကြောင်းဆိုင်ရာ လုံခြုံရေး ကိစ္စရပ်များ၊ နည်းပညာဖလှယ် ရေးကိစ္စရပ်များ၊  ရေတပ်အချင်း ချင်း   ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း   သတင်း ရရှိသည်။                    

သတင်းစဉ်