ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် (၂၅) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (25th St. Petersburg International Economic Forum- SPIEF’ 22) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်   ဇွန်   ၁၉


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊   အပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ပွင့်ဆန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေတို့  ပါဝင်သည့်   မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတအကြံပေးနှင့် (၂၅) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကျင်းပရေးကော်မတီ၏  အမှုဆောင် အတွင်းရေးမှူးဖြစ်သူ Mr. Anton Kobyakov ၏ ဖိတ်ကြားချက်အရ        ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ဇွန် ၁၅ ရက်မှ ၁၈ ရက် အထိကျင်းပသည့် (၂၅) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။

 


ရေနံချက်စက်ရုံတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး


ဖိုရမ်မတိုင်မီ  ဇွန် ၁၄ ရက်   မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ကိုယ်စား လှယ်အဖွဲ့သည် Sigma LLC Co., Ltd. မှ Deputy Director   General   for Foreign Economic Relations ဖြစ်သူ Mr. Rodionov Nikita အား လက်ခံတွေ့ဆုံ၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနှင့် ရေနံချက်စက်ရုံတည်ဆောက် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

 


သင်္ဘောများတည်ဆောက်နေမှု ကြည့်ရှုလေ့လာ


ဖိုရမ်၏ ပထမနေ့ဖြစ်သည့် ဇွန် ၁၅ ရက် မွန်းလွဲ ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှု နှင့်      နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီဖြစ်သော Sigma LLC Co., Ltd. မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံရေးအတွက်   အခွင့်အလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ Baltic Shipyard သို့  သွားရောက်လေ့လာခဲ့ရာ Civil Shipbuilding Markets Development, United Shipbuilding Corporation မှ Deputy General Director ဖြစ်သူ Mr. David Adamiya က တည်ဆောက်အသုံးပြုနေ သော ရေခဲခွဲသင်္ဘောများ၊ ရေပေါ်ဓာတ်အားပေးစက်ရုံ များ အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး Shipyard အတွင်း သင်္ဘောများတည်ဆောက်နေမှုကို လှည့်လည် ကြည့်ရှုလေ့လာသည်။

 


လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်ရေးထိုးနိုင်ရေး  ဆွေးနွေး


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ပွင့်ဆန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဥရောပအာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေး နှင့် ပေါင်းစည်းရေးဝန်ကြီး H. E. Mr. Sergei Glazyev မှ တည်ခင်းသည့်  အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်၍  နှစ်နိုင်ငံဘဏ်လုပ်ငန်းနှင့် ငွေပေး ငွေယူကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်များ၊  မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု    မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့်  ဥရောပအာရှစီးပွားရေးကော်မရှင် တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (Memorandum of Cooperation) လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား  လက်တွေ့လုပ်ငန်းစဉ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးအစီအစဉ်များ၊   အာဆီယံနှင့်   ဥရောပ-အာရှ စီးပွားရေးကော်မရှင်အကြား ပေါင်းစပ်ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်    မြန်မာနိုင်ငံနှင့်   ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား   လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်ရေးထိုးနိုင်ရေး တို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးသည်။ 

 


နှစ်ဖက်ရင်းနှီးပွင့်လင်းစွာဆွေးနွေး


ဖိုရမ်ဒုတိယနေ့ဖြစ်သည့်   ဇွန် ၁၆   ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည်    အီးအေအီးယူ - အာဆီယံ   (EAEU - ASEAN)     ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးအောင်နိုင်ဦးသည် ဆွေးနွေးပြောကြားသူအဖြစ် ပါဝင်တက်ရောက်ကာ အီးအေအီးယူနှင့်    အာဆီယံတို့အကြား    သိပ္ပံနှင့် နည်းပညာနှင့်    စက်မှုပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်အသုံးပြုမှုတွင် ကာဗွန်လျှော့ချရေးနည်းလမ်း များ ပြောင်းလဲအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံချက်များ ပူးပေါင်းအကောင်အထည်ဖော်ရေး၊ ဒစ်ဂျစ်တယ်လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒစ်ဂျစ်တယ်  အခြေခံအဆောက်အအုံထူထောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး H. E. Mr. Maksim Reshetnikov နှင့်တွေ့ဆုံ၍    ရုရှား-မြန်မာ    အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် တတိယအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး၊ ရုရှား-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ   (မူကြမ်း)    လက်မှတ် ရေးထိုးရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့်   ရုရှားစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် စက်မှုဇုန်များထူထောင်၍ လာရောက်လုပ်ကိုင်ရေးတို့နှင့်စပ်လျဉ်း၍ နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။ 

 


ထို့ပြင်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ROSATOM State Nuclear Energy Corporation ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Alexey Likhachev အား လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ရုရှားနိုင်ငံ၏ နျူကလီးယား စွမ်းအင်ဆိုင်ရာ နည်းပညာအသုံးပြု၍ စက်ပစ္စည်း များ ထုတ်လုပ်ဆောင်ရွက်မှုအခြေအနေ၊ နျူကလီးယား စွမ်းအင် အသုံးပြုမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်ကိစ္စ များအား   ရှင်းလင်းပြောကြားခဲ့ပြီး   ပြည်ထောင်စု ဝန်ကြီးကလည်း မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အား ရရှိ၊   သုံးစွဲနိုင်မှုအခြေအနေကို  ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 


ဘဏ်များ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   SOV    COM   Bank   မှ Managing Director နှင့်  Head of Structured Finance and Financial Solution ဖြစ်သူ Ms. Olga Ermachenleo နှင့်တွေ့ဆုံ၍ ကူးသန်းရောင်းဝယ်ရေး ဘဏ်များ၏     လုပ်ငန်းဆိုင်ရာ   ကိစ္စရပ်များကို ဆွေးနွေးသည်။

 


မြန်မာ-ရုရှား ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု


ညပိုင်းတွင်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov က တည်ခင်းသည့် အလုပ်သဘောညစာ စားပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများနှင့်     မြန်မာ-ရုရှား   ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

 


ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


ဖိုရမ်၏ တတိယနေ့ဖြစ်သည့် ဇွန် ၁၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်   ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်     ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးတက်ဆောင်ရွက်နိုင်ရေး၊   ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများ လွယ်ကူချောမွေ့စေရေး၊ နိုင်ငံတွင်း စိုက်ပျိုး ရေး၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထွက်ရှိရန် နှင့် ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရန်အတွက် နည်းပညာ ဆိုင်ရာ ပံ့ပိုးကူညီနိုင်ရေး၊ စွမ်းအင်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ    တိုးမြှင့်နိုင်ရေး၊   ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး၊    သတင်း အချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့အတွက် ကူညီပံ့ပိုးရေး၊ ဆီချောစက်ရုံများ၊ ဓာတ်မြေဩဇာ စက်ရုံများ၊ ရော်ဘာစက်ရုံများ တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေး၊   နှစ်နိုင်ငံ   လေကြောင်းလိုင်း ပြေးဆွဲရေးနှင့်   ခရီးသွားလုပ်ငန်းတို့တွင်   ပူးပေါင်း ဆောင်ရွက်ရေး၊    စက်သုံးဆီ   သိုလှောင်ကန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ    ကိစ္စရပ်များကို    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်းအချက်အလက်နှင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း     စာအုပ်စာစောင်များကို    ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့်    ရုရှား-မြန်မာ အစိုးရအချင်းချင်း   ကုန်သွယ်ရေးနှင့်   စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်  တတိယ အကြိမ် အစည်းအဝေးတွင် ရုရှား-အာဆီယံ စီးပွားရေး ကောင်စီမှလည်း  ပါဝင်တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားသည်။ 

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည်  မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဖိုရမ်တတိယနေ့ နံနက်ပိုင်းတွင် Park Inn by Radisson Pulkovskaya ၌ ကျင်းပ ပြုလုပ်သော INTER RAO-Export LLC နှင့် လျှပ်စစ် စွမ်းအားစီမံရေးဦးစီးဌာနတို့အကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  နားလည်မှုစာချွန် လွှာ  လက်မှတ်ရေးထိုးပွဲသို့  တက်ရောက်ခဲ့သည်။ ယင်းလက်မှတ်ရေးထိုးပွဲတွင် INTER RAO-Export LLC ၏ General Director ဖြစ်သူ Mr. Maxim E. Sergeev က  ကုမ္ပဏီအနေဖြင့်   နိုင်ငံတကာတွင်   လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းတင် သွင်းမှု၊       တည်ဆောက်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်စီမံကိန်း များ    ပူးပေါင်းဆောင်ရွက်မည့်    ကိစ္စရပ်များကို ဆွေးနွေးသည်။

 


စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ရှင်းလင်းပြောကြား


ထို့နောက်    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် စွမ်းအင်ဝန်ကြီးဖြစ်သူ H.E. Mr. SHULGINOV Nikolay  ဦးဆောင်သောအဖွဲ့နှင့်  တွေ့ဆုံဆွေးနွေး သည်။ ယင်းသို့တွေ့ဆုံရာတွင် ရုရှားနိုင်ငံစွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. SOROKIN Pavel လည်း  ပါဝင်တက်ရောက်ခဲ့ပြီး Mr. SHULGINOV Nikolay က ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ     ကိစ္စရပ်များတွင်    ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊   ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများ၌ ရုရှားကုမ္ပဏီများ ပါဝင် ဆောင်ရွက်နေမှုများနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်း များ တင်ပို့ရေးနှင့်   လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံ အတွက် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား လိုအပ် ချက်များကို   ရှင်းလင်းပြောကြား၍ ရုရှားနိုင်ငံနှင့်   ရေရှည်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် စပ်လျဉ်း ပြီး ဆွေးနွေးခဲ့သည်။  အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား  ပူးပေါင်းလုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ လက်တွေ့လုပ်ငန်းဆောင်ရွက်ရန် သဘောတူ ဆွေးနွေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ဖိုရမ်၏ စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စုံညီအစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ပလာဒီမာပူတင် တက်ရောက်၍ ကမ္ဘာ့စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊  ရုရှားနိုင်ငံ၏ စီမံဆောင်ရွက်နေမှုများ၊    ပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားစီးပွားရေးအခြေအနေ၊ စီမံကိန်း များအတွက် ငွေကြေးထုတ်ချေးမည့် ကိစ္စရပ်များ၊ စီးပွားရေးပိတ်ဆို့မှုများ၊ မေခရိုစီးပွားရေးတည်ငြိမ် ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ စိန်ခေါ်မှု များမှ အခွင့်အလမ်းသို့ ပြောင်းလဲဆောင်ရွက်မှုများ၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုလုံခြုံစိတ်ချရေး၊ ခေတ်သစ် ပုံစံဖြင့်   ဈေးကွက်ဖွင့်လှစ်ဆောင်ရွက်ရေး၊  နိုင်ငံ အဆင့် အသေးစား၊  အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဝန်ဆောင်မှုတိုးမြှင့်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ထည့်သွင်းပြောကြားသည်။ 

 


ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ဆွေးနွေး


ဖိုရမ်ကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် Bank of Russia   မှ    ဒုတိယဥက္ကဋ္ဌဖြစ်သူ   Ms.   Olga Skorobogatova နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် Bank of Russia တို့အကြား နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ      (Bilateral Cooperation MoU)   ရေးထိုးရန် ကိစ္စရပ်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ထို့နောက် ရုရှားနိုင်ငံ၏ National Payment Card System ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသော  MIR မှ CEO ဖြစ်သူ Mr. Vladimir Komlev နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံကြား ခရီးသွားကဏ္ဍတွင် ဒေသတွင်း နှစ်နိုင်ငံငွေကြေးသုံးစွဲ နိုင်ရေးနှင့်     စပ်လျဉ်း၍    ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ဆွေးနွေးသည်။

 


ဖိုရမ်၏ စတုတ္ထနေ့ဖြစ်သည့် ဇွန် ၁၈ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၌ပြသထား သည့် ပြခန်းများကိုလေ့လာ၍ စီးပွားရေးဆောင်ရွက် ရန်   စိတ်ပါဝင်စားသည့်   ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ များနှင့် ဆွေးနွေးသည်။ 

 


စီးပွားရေးဆိုင်ရာအခွင့်အလမ်များနှင့် စိန်ခေါ်မှုများ 
ဆွေးနွေးနိုင်သည့် လမ်းကြောင်းတစ်ခု


စိန့်ပီတာစဘတ်     နိုင်ငံတကာစီးပွားရေးဖိုရမ် သည်    နိုင်ငံတကာဦးဆောင်အဖွဲ့အစည်းအဖြစ် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့်  ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုကို ရရှိစေရေးအတွက် လက်တွေ့ဆောင်ရွက် နေမှုများကို  အမြင်ချင်းဖလှယ်၍  ဆွေးနွေးသည့် ဖိုရမ်တစ်ခုဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ရာ ၂၀၀၅  ခုနှစ်မှစတင်၍ ရုရှား ဖက်ဒရေးရှင်းသမ္မတ၏      ကြီးကြပ်မှုအောက်တွင် ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်းသမ္မတသည် ဖိုရမ် သို့   နှစ်စဉ်တက်ရောက်ခဲ့သည်။   ဖိုရမ်သည်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ထွန်းသစ်စနိုင်ငံများ၏ ကမ္ဘာ့ စီးပွားရေးဈေးကွက်များ၌ ကြုံတွေ့ရသည့်  စီးပွား ရေးဆိုင်ရာ အခွင့်အလမ်များနှင့် စိန်ခေါ်မှုများကို စီးပွားရေးအဖွဲ့အစည်းများအကြား ဆွေးနွေးနိုင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ရောက်ရှိသည်။

 


ယခုကျင်းပသောဖိုရမ်သို့ ကာဇက်စတန်နိုင်ငံ သမ္မတက ကိုယ်တိုင်တက်ရောက်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတနှင့်  အီဂျစ်နိုင်ငံ သမ္မတတို့က online  မှတစ်ဆင့် ပါဝင်တက်ရောက်၍  မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံ ၄၃ နိုင်ငံမှ ဝန်ကြီး များ၊ ၈၄ နိုင်ငံမှ သံတမန်အကြီးအကဲများနှင့် နိုင်ငံနှင့် အုပ်ချုပ်မှုဒေသပေါင်း ၁၄၀ ကျော်တို့မှ ကိုယ်စား လှယ်များလည်း ပါဝင်တက်ရောက်ကြောင်း သိရ သည်။                                            

သတင်းစဉ်