ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၅၅၈ ဦး ထပ်မံတွေ့ရှိ

မော်စကို  ဒီဇင်ဘာ  ၁၃


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၉၅၅၈ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင်   ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူစုစုပေါင်း  ၁၀၀၄၆၄၅၄ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။


နိုင်ငံတစ်ဝန်း၌    လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူ ၁၁၂၁  ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၉၀၆၀၄ ဦး ရှိလာကြောင်း သိရသည်။


ထို့ပြင်    ရုရှားနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း       ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့်  ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၈၅၆၁ ဦးထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၇၆၉၉၁၆ ဦး ရှိလာကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ   ၂၈၉၄ ဦးရှိခြင်းကြောင့်   မြို့တော် တစ်ဝန်းတွင်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၉၈၇၂၇၂ ဦးရှိလာကြောင်း သိရသည်။    

ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်