
မော်စကို ဇန်နဝါရီ ၁၇
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၇၂၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၁၀၈၃၄၂၆၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့် ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ပြောကြား ချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၇၀ ရှိခြင်းကြောင့် လက်ရှိ တွင် အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၃၂၁၉၉၀ ရှိလာကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၉၇၅၆ ဦး ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာ လာသူ စုစုပေါင်း ၉၈၇၈၃၇၁ ဦးရှိလာ ကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ မြို့တော်မော်စကိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံး ဖြစ်ပွားသည့်ဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၂၉ ဦးထပ်မံတွေ့ရှိခြင်း ကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၀၉၆၂၃၃ ဦးရှိလာကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ နိုင်ငံသား ၈၀ ဒသမ ၁ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၇၆ ဒသမ ၅ သန်းကျော် သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်