
ရန်ကုန် ဧပြီ ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း၊ မြန်မာ - ရုရှား ချစ်ကြည်ရေး အသင်းနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခရီးစဉ် တစ်ခုအဖြစ် ရောက်ရှိလာသော ရုရှား - မြန်မာ ချစ်ကြည်ရေး အသင်း ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန် မြို့သို့ရောက်ရှိလာရာ(ဝဲပုံ) မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း ကိုယ်စား လှယ်အဖွဲ့နှင့် တာဝန်ရှိသူများ သည် ရွှေတိဂုံစေတီတော်မြတ်ကို သွားရောက်ဖူးမြော်ပြီး ၁၉ လမ်းရှိ ရန်ကုန်မြို့ပြ စားသောက်ဆိုင်များ ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်