ရန်ကုန် ဖေဖော်ဝါရီ ၁၈
Rules of Golf - 2023 ကို မြန်မာ နိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ ချုပ်က ဘာသာပြန်ဆိုခဲ့သည့် စာအုပ်မိတ်ဆက်ပွဲ၊ World Han-dicap System နှင့် ၂၀၂၃ ခုနှစ်တွင် ပြောင်းလဲသွားသော ဂေါက်သီး စည်းမျဉ်းအသစ်များ အကြောင်း ရှင်းလင်းခြင်းအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက နှုတ်ခွန်း ဆက်စကား ပြောကြားပြီး World Handicap ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက World Handicap System အကြောင်း ရှင်းလင်း မိတ်ဆက်သည်။ ယင်းနောက် မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ် Rules of Golf – 2023 မြန်မာဘာသာပြန် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်နိုင်က ပြောင်း လဲသွားသော စည်းမျဉ်းအသစ်များ အကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဂေါက် ကလပ်များမှ တာဝန်ရှိသူများအား မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်မှ Rules of Golf - 2023 မြန်မာဘာသာပြန် စာအုပ်များ အား ဖြန့်ဝေခဲ့သည်။
အဆိုပါ Rules of Golf-2023 စာအုပ်အား စိန့်အင်ဒရူး(R&A)နှင့် USGA တို့၏ မူရင်းစာအုပ်အတိုင်း စာမျက်နှာအတိအကျဖြင့် ရရှိ အောင် ပြုလုပ်ထားပြီး တစ်နိုင်ငံ လုံးမှ ဂေါက်သီးအားကစားသမား များ Rules of Golf - 2023 စာအုပ် ကို အခကြေးငွေပေးရန်မလိုဘဲ လုံလုံလောက်လောက် ရရှိနိုင်စေ ရန်အတွက် ဥက္ကဋ္ဌ ဦးကိုကိုအေးက စာအုပ်ရေ တစ်သောင်းကို စိုက်ထုတ်ကျခံ လှူဒါန်းပေးကာ တစ်နိုင်ငံလုံးအား ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုညီလေး
ဓာတ်ပုံ-MGF



