ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ရေကန်တော့ပွဲတော် ကျင်းပ

 

မန္တလေး   မတ်   ၁
ရတနာပုံတက္ကသိုလ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့်      ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ရေကန်တော့ပွဲတော်ကို      မတ် ၁ ရက်က အဆိုပါတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးတွင် ကျင်းပ သည်။
မြန်မာ့ယဉ်ကျေးမှုနှင့်အညီ
ရတနာပုံတက္ကသိုလ် ဘာသာ ရပ် အသီးသီးရှိ ဘွဲ့ကြိုသင်တန်း၊ ဒီပလိုမာသင်တန်း၊ ဂုဏ်ထူးတန်း သင်တန်း၊     ဒီပလိုမာသင်တန်း၊ မဟာအရည်အချင်းစစ် သင်တန်း နှင့် မဟာသင်တန်း (နေ့သင်တန်း)များတွင် တက်ရောက်ပညာသင် ကြားနေသည့်    ကျောင်းသား ကျောင်းသူများသည်  ၎င်းတို့၏ သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊    ပါမောက္ခများ၊    တွဲဖက် ပါမောက္ခများ၊      ကထိကများ၊ လက်ထောက်    ကထိကများနှင့် နည်းပြ၊  သရုပ်ပြ  ဆရာ၊ ဆရာမ များအား   မြန်မာ့ယဉ်ကျေးမှုနှင့် အညီ ရေကန်တော့ကြသည်။ 
ပျော်ရွှင်စွာရေကစား
ထို့နောက် ဆရာ ဆရာမများ၊ ကျောင်းသား    ကျောင်းသူများ က   ဘာသာရပ်     အသီးသီးမှ ကျွေးမွေးဧည့်ခံသည့်        စတုဒိသာ များကို ပျော်ရွှင်စွာ      သုံးဆောင်ကြ ပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီး စွာ    ရေသွန်းလောင်းကစားကြ ကြောင်း  သိရသည်။
တင်မောင်-မန်း