ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 

မန္တလေး   ဇွန်  ၂၂


ရတနာပုံတက္ကသိုလ်   ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ   (အမျိုးသား၊    အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ  ဘောလုံးအားကစား ပြိုင်ကွင်း၌  ကျင်းပရာ   ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ  တက်ရောက်ကြသည်။

 


အခမ်းအနားတွင်   ပါမောက္ခချုပ်က  အမှာစကားပြောကြားပြီး ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို  ဖွင့်လှစ်ပေးသည်။ ပထမ‌နေ့  အမျိုးသားပွဲစဉ်တွင် ရူပဗေဒအသင်းက ရုက္ခဗေဒအသင်း အား နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဓာတုဗေဒအသင်းက ပထဝီဝင် အသင်းအား သုံးဂိုး-   တစ်ဂိုးဖြင့်လည်း‌‌ကောင်း၊   အမျိုးသမီးပွဲစဉ်တွင် အားကစားပညာအသင်းက ညွန့်ပေါင်းအသင်းအား ခြောက်ဂိုး - တစ်ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲများကို ဇွန် ၂၁ ရက်မှ ဇူလိုင် ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း လေးသင်း ပါဝင်ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။                                


 တင်မောင်(မန္တလေး)