
ရသေ့တောင် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယ အသုတ် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးထိုးသတ်မှတ်စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ် မှုဖြင့် ဆေးထိုးသတ်မှတ်စုရပ်များဖြစ်သည့် စေတီတောင်ဓမ္မာရုံ၊ ကုန်တန်းဘုန်းတော်ကြီးကျောင်း၊ ကူတောင်တိုက်နယ်ဆေးရုံ၊ အငူမော် ကုန်တန်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် အောက်တိုဘာ ၁၀ ရက်မှစ၍ တတိယအသုတ် ပထမအကြိမ်ထိုးနှံပြီးစီးခဲ့သည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအနက် ၁၆၅၂ ဦးတို့အား ပထမနေ့အဖြစ် ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ကိုယ်အပူအချိန်တိုင်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ပြုလုပ်ပြီး ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ဒေသခံ ပြည်သူများအားဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း
(ပြန်/ဆက်)