ရန်ကုန်တိုင်းဒေသကြီးနယ်နိမိတ်အတွင်း​ ဆက်သွယ်ရေးလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကျင်းပ

 

ရန်ကုန်   ဒီဇင်ဘာ   ၁၁  


ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ် အတွင်း   မြို့ပြဖိုက်ဘာကွန်ရက် (Metropolitan Fiber Network)Cable တည်ဆောက်ခြင်းလုပ်ငန်း များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြေပေါ်မြေအောက်  ဆက်သွယ် ရေးလုပ်ငန်း (Last Mile)သဘော တူစာချုပ်   ချုပ်ဆိုသည့် အခမ်း အနားကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး    မင်္ဂလာခန်းမ၌  ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာ  တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊   တိုင်း ဒေသကြီး          ဆက်သွယ်ရေး  ကွန်ရက် ကြီးကြပ်မှုကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊    တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ   တာဝန်ရှိသူများ တက်ရောက်သည်။

 


ရှေးဦးစွာ  တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသ ကြီး၏ ဆက်သွယ်ရေးလုပ်ငန်း များတွင် လက်ရှိ သွယ်တန်းထား ရှိသော    ဖိုက်ဘာကြိုးများမှာ  ရှုပ်ထွေးနေခြင်း၊ သွယ်တန်းသည့် ကြိုးစများသည်        ဖုန်းတိုင်၊   ဓာတ်တိုင်များ၏ အောက်ခြေတွင် စုပုံချည်နှောင်     ထားရှိခြင်းတို့ ကြောင့်  မြို့တော်အင်္ဂါရပ်နှင့် မညီ ညွတ်ဘဲ   အမြင်မတင့်တယ်မှုများ  ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေး   တာဝါတိုင်များ တည်ဆောက်ခြင်း၊ ဖိုက်ဘာကြိုး များသွယ်တန်းခြင်း လုပ်ငန်းများ   စနစ်တကျရှိစေရေးနှင့်   တရား မဝင်သွယ်တန်းခြင်း၊     စိုက်ထူ ခြင်းများမရှိစေရေး    ကြီးကြပ် ဆောင်ရွက်လျက်      ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်  ၄၄ မြို့နယ်တွင် နေထိုင် သော မြို့နယ်အလိုက် လူဦးရေ၏           မိုဘိုင်းဒေတာ(အင်တာနက်)သုံးစွဲ မှုကို  အခြေခံ၍ ပညာရှင်များက   ခွဲခြားထား သည့် LOT ခြောက်ခုကို   BOT စနစ်ဖြင့်  ဆောင်ရွက်ရန်   ၂၀၁၉  ခုနှစ်က    တင်ဒါခေါ်ယူခဲ့ရာယှဉ်ပြိုင်ကြသည့် ကုမ္ပဏီ ၃၆ ခု အနက်    တင်ဒါစိစစ်ရေးအဖွဲ့က ကုမ္ပဏီခြောက်ခု ရွေးချယ်ခဲ့ကြ ကြောင်း၊  အကြောင်းအမျိုးမျိုး ကြောင့်   စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသဖြင့် တိုင်းဒေသကြီး ဥပဒေ ချုပ်ရုံး၏    အကြံပြုချက်   ရယူ ဆောင်ရွက်ခဲ့ရာ          ယနေ့တွင် သဘောတူချုပ်ဆို      လက်မှတ် ရေးထိုးနိုင်ပြီး   ဖြစ်ကြောင်းနှင့် လုပ်ငန်းများအား         စာချုပ်ပါ စည်းကမ်း   သတ်မှတ်ချက်များ အတိုင်း  စနစ်တကျ  လိုက်နာ လုပ်ဆောင်သွားရန်   ပြောကြား သည်။

 


ထို့နောက်    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) အတွင်းရေးမှူး       ဦးစိုးစိုးဇော် နှင့်    တင်ဒါအောင်မြင်ခဲ့သော      လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီ ခြောက်ခုတို့မှ တာဝန်ရှိသူများက သဘော တူ       လက်မှတ်ရေးထိုးကြ သည်။

 


ယင်းနောက်    တိုင်းဒေသ ကြီး   သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်    လုပ်ငန်းဆောင် ရွက်မည့် ကုမ္ပဏီများကိုယ်စား (ကိုယ်စားလှယ်)      တစ်ဦးတို့က ကျေးဇူးတင်စကား     ပြောကြား ကြကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)