ရန်ကုန်တိုင်းဒေသကြီး၏ တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကျင်းပ

 

ရန်ကုန်   နိုဝင်ဘာ    ၂၁


(၇၅)  နှစ်မြောက်      စိန်ရတု ပြည်ထောင်စုနေ့   အထိမ်းအမှတ် တူယှဉ်နွှဲပျော်         ဂီတပွဲတော် တိုင်းဒေသကြီးအဆင့်  ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး            မင်္ဂလာခန်းမ၌ နိုဝင်ဘာ ၁၆ ရက် ညနေ ၆ နာရီက ကျန်းမာရေး          ဝန်ကြီးဌာနမှ ချမှတ်ထားသော  ကိုဗစ် - ၁၉ ရောဂါ        လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်      အညီ ကျင်းပသည်။

 


ပြိုင်ပွဲတွင်   ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ       ခရိုင်လေးခရိုင်မှ တစ်ခရိုင်လျှင်  သုံးဦးနှုန်းဖြင့်   ၁၂ ဦး၊  မြန်မာနိုင်ငံဂီတပညာရှင်များအစည်းအရုံးမှ သုံးဦး၊  တိုင်း ဒေသကြီး   အစိုးရအဖွဲ့ရုံးမှ  နှစ်ဦး စုစုပေါင်း  ၁၇ဦးဖြင့် နိုဝင်ဘာ ၁၅  ရက်မှစတင်၍  ပါဝင်ယှဉ်ပြိုင်စေ ပြီး               နောက်ဆုံးအဆင့်တွင် ခြောက်ဦးကို ရွေးချယ်ခဲ့ကြသည်။

 


ယင်းနေ့တွင်               ဆန်ခါတင် ရွေးချယ်ထားသော   ခြောက်ဦးမှ ထပ်မံယှဉ်ပြိုင်     သီဆိုမှုများကို တိုင်းဒေသကြီး             ဝန်ကြီးချုပ် ဦးလှစိုးနှင့်           တိုင်းဒေသကြီး              ဝန်ကြီးများက   ကြည့်ရှုအားပေး ကြသည်။

 


ဆက်လက်၍             ဆုချီးမြှင့်ပွဲ အခမ်းအနားကို     ဆက်လက် ကျင်းပရာ        ပြိုင်ပွဲတွင်      အနိုင်ရရှိခဲ့ကြသူများ၊   နှစ်သိမ့်ဆုရရှိခဲ့ ကြသူများနှင့်       အကဲဖြတ်ဒိုင် အဖွဲ့ဝင်များကို                   ဝန်ကြီးချုပ် နှင့်   ဝန်ကြီးများက   ဆုများနှင့်  ဂုဏ်ပြုငွေများ   ပေးအပ်ချီးမြှင့် ခဲ့ကြောင်းနှင့်    ပထမ ၊ ဒုတိယ ၊ တတိယရရှိသူများအား   စခန်း သွင်းလေ့ကျင့်၍ နိုင်ငံတော်အဆင့် (၇၅)   နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင်     ရန်ကုန်တိုင်းဒေသ ကြီး   ကိုယ်စားပြု၍   ပါဝင် ယှဉ်ပြိုင်      စေမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)