ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများ၊ ကုန်တိုက်များ၊ မော်တော်ယာဉ်လိုင်းများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိပြီး ပြည်သူအများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှားလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၂၇


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့၌ ယခင်ရက်ပိုင်း အတွင်း     နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့်    လူစုလူဝေး အနည်းငယ်ဖြင့် ဆူပူဆန္ဒပြမှုများ၊ လူမှုကွန်ရက် စာမျက်နှာများပေါ်မှ ဝါဒဖြန့်ချိမှုများနှင့် အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင်    ယခုရက်ပိုင်းကာလ အတွင်း၌ ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် အချို့ယာဉ်လိုင်း   များတွင် စီးနင်းလိုက်ပါမှု မပြုရန် လှုံ့ဆော်မှုများ၊    ခြိမ်းခြောက်မှု များ လုပ်ဆောင်ခဲ့ကြောင်း   သိရှိ ရသည်။ 

 


 ထိုသို့ လုပ်ဆောင်လာမှုများ အပေါ်   တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေးရှု၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန် များကို နေ့ညမပြတ် ဆောင်ရွက် ၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်း ဖက် ဖျက်ဆီးမှုများအား ဥပဒေ နှင့်အညီ   ထိန်းသိမ်းဆောင်ရွက် လျက်ရှိသည်။

 


ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊   အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက စီးပွား ရေးလုပ်ငန်းရှင်များ၊    တာဝန်သိ ပြည်သူလူထုတို့၏   ပူးပေါင်း ဆောင်ရွက်မှုများကြောင့်  ရန်ကုန် တိုင်းဒေသကြီးအတွင်း   ပြည်သူ လူထုများအနေဖြင့်  စိုးရိမ်ပူပန်မှု မရှိဘဲ ပုံမှန်အတိုင်း    သွားလာ လှုပ်ရှားလျက်ရှိသည်ကို တွေ့ရှိရ သည်။

 

)
လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေ ဖြင့်   လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့   ပြည်သူလူထု တစ်ရပ်လုံး    အနေဖြင့်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ် သွားကြပါရန် နှင့်   အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို   ရရှိပါ က နီးစပ်ရာ  လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍   အကြမ်းဖက် သမားများ ရပ်တည်မှုမရှိနိုင်သည် အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြပါရန်   မေတ္တာရပ်ခံထား ကြောင်း သက်ဆိုင်ရာမှ   သတင်း ရရှိသည်။


သတင်းစဉ်