
ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ပိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတိုင်(ဓာတ်တိုင်)များပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်း ထားရှိသော ဖိုက်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ် ရေးကြိုးများကို ကုမ္ပဏီများက ဖြုတ်သိမ်းရန်နှင့် မဖြုတ်သိမ်းပါက ဖြတ်တောက်ဖယ်ရှားသည့်အပြင် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာထားသည်။
ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် တရား မဝင် သွယ်တန်းထားသည့် ဖိုက်ဘာကေဘယ်ကြိုး များ၊ ဆက်သွယ်ရေးကြိုးများကို ၃၀-၁၁-၂၀၂၁ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန်နှင့် ဖယ်ရှားရှင်းလင်းခြင်းမရှိသည့် ဖိုက်ဘာဆက်သွယ် ရေးကြိုးများကို ကော်ပိုရေးရှင်းက ဖြတ်တောက် ဖယ်ရှားသွားမည့်အပြင် တရားမဝင် သွယ်တန်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လူမှု ကွန်ရက်စာမျက်နှာ YESC-CallCenter တွင် အသုံး ပြုသူများက ဝေဖန်အကြံပြုမှုများ ရှိနေသည်ကို လည်း တွေ့ရသည်။
ကိုစိုး