ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်    ဩဂုတ်    ၂၃


ရန်ကုန်တိုင်းဒေသကြီး  အတွင်း  လုံခြုံရေးတာဝန် ထမ်းဆောင်နေ သော   မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင် များကို   ဆန်နှင့်   စားသောက် ဖွယ်ရာများ       ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင်     မင်္ဂလာဒုံ မြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲရုံး၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်    ဦးစိုးသိန်း၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင်များ    တက်ရောက်ကြ သည်။

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်   တိုင်းမှူးတို့က  ဂုဏ်ပြု အမှာစကားများ   ပြောကြားကြ သည်။   ထို့နောက်   ရန်ကုန်တိုင်း ဒေသကြီးအတွင်း      လုံခြုံရေး တာဝန်      ထမ်းဆောင်နေသော မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင်များအတွက်  ဆန်နှင့် စားသောက်ဖွယ်ရာ       များကို ပေးအပ်ရာ   တာဝန်ရှိသူများက လက်ခံရယူကြသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်      လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော  ရဲတပ်ဖွဲ့ဝင်များအား သွားရောက် တွေ့ဆုံ၍       ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်    လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာ စားသောက်ဖွယ်ရာ များ   ပေးအပ်ခဲ့ကြောင်း  သတင်း ရရှိသည်။                

သတင်းစဉ်