
ရန်ကုန် မတ် ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယ စာမေးပွဲအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များ ၏ စာမေးပွဲဖြေဆိုနေကြသည့် စာဖြေဌာနများသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်များက သွားရောက်၍ ဖူးမြော်ကြည်ညို ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် စမ်းချောင်းမြို့နယ် အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်း ရန်ကုန်အနောက်ပိုင်း ခရိုင် ဓမ္မာစရိယစာဖြေဌာနတွင် သံဃာတော် ၁၁၆၃ ပါး၊ သီလရှင် ၂၀၈ ပါး၊လူပုဂ္ဂိုလ် သုံးဦးတို့၏ စာမေးပွဲ ဖြေဆိုနေမှုကိုလည်း ကောင်း၊ ထို့နောက် အင်းစိန် မြို့နယ် သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် သံဃာတော် အပါး ၂၀၀၊ သီလရှင် ၂၂ ပါးတို့၏ စာမေးပွဲ ဖြေဆိုနေမှုကိုလည်း ကောင်း၊ ဆက်လက်၍ မြောက် ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီ သာသနာ့ဗိမာန် တော်တွင် သံဃာတော် ၂၄၄ ပါး၊ သီလရှင် ၄၃ ပါး၊ လူပုဂ္ဂိုလ် တစ်ဦး တို့၏ ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ ပထမနေ့ဖြေဆိုနေမှုများအားလည်းကောင်း၊ အလား တူ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အဖွဲ့သည် မတ် ၂၉ ရက် တွင် သာကေတမြို့နယ် ဝိမုတ္တိ ရသ ဓမ္မဗိမာန်တော်ကြီးတွင် သံဃာတော် ၂၁၆ ပါး၊ တောင်ဥက္က လာပမြို့နယ် မြင်သာမြို့ဦး ကျောင်းတိုက်တွင် သံဃာတော် ၁၈၆ ပါး၊ သီလရှင် ခုနစ်ပါး၊ ရန်ကင်းမြို့နယ် မိုးကောင်း ဆုတောင်းပြည့် စေတီတော် မဟာ သာသနာ့ ဗိမာန်တော်ကြီးတွင် သံဃာတော်အပါး ၁၉၀ တို့၏ ဒုတိယနေ့ စာမေးပွဲဖြေဆိုနေမှု များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော် များအား ဖူးမြော်ကြည်ညို၍ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများ၊ သီလရှင်များ နှင့် လူပုဂ္ဂိုလ်တို့အတွက် နဝကမ္မ ဝတ္တုငွေများ ဆက်ကပ်ကြပြီး စာဖြေသံဃာတော်များ၊ သီလရှင် များ စာမေးပွဲဖြေဆိုစဉ်အချိန် အတွင်း ကျန်းမာရေးစောင့်ရှောက် ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)