
နေပြည်တော် စက်တင်ဘာ ၁
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်း ထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါး များ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေး နှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သောကုမ္ပဏီ ၁၅ ခုမှ အိမ်သုံး ဆေးဝါး ၂၀၈ မျိုးကို ရောင်းချပေး လျက်ရှိပြီး ငွေကျပ် ၅၁ သိန်း ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေး ပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၃ ရက်မြောက်နေ့ အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိ ပြီး ယနေ့တွင် ငွေကျပ် ၆ သိန်း ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေး ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရွေ့လျားဈေး ကားဖြင့် သားငါးများ ရောင်းချပေး ကြောင်း သတင်းရရှိသည်။
သတင်းစဉ်