
နေပြည်တော် နိုဝင်ဘာ ၃
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများ အား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများ ပြည်သူနှင့်သက်ဆိုင်သော နေရာ များအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်း မျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
သို့ဖြစ်၍ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးဆောင် ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက် နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်း နှင့် ဓားပြတိုက်လုယက်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ဒလ PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အေးသီတာဝင်းကို ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် မဉ္ဇူလမ်း၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အေးသီတာဝင်း၏ ထွက်ဆိုချက်အရ ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် နိုင်လင်းကို ဒလမြို့နယ် နှုတ်ခမ်း မွှေး သမ္ဗန်ဆိပ်ရှိ ရေယာဉ်ပေါ်၌ လည်းကောင်း၊ ထက်လင်းဦး(ခ)ကိုထက်ကို ဒေါပုံမြို့နယ် သင်္ဘော ကျင်းရပ်ကွက် သင်္ဘောကျင်း(၈) လမ်းရှိ နေအိမ်၌ Luger ပစ္စတို တစ်လက်၊ SIGSAUER ပစ္စတို တစ်လက်၊ KUZEY ပစ္စတို နှစ်လက်၊ ZORAKI ပစ္စတို တစ်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည်မျိုးစုံ ၇၃ တောင့်၊ လက်ပစ် ဗုံး ခြောက်လုံး၊ လက်လုပ်မိုင်း တစ်လုံး၊ အသံတိတ်ပြောင်း တစ်ခု နှင့်လည်းကောင်း၊ ဟိန်းထက်(ခ) အငယ်ကောင်ကို ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် မဉ္ဇူလမ်း၌ လည်းကောင်း၊ ထူးထက်အောင် ကို တာမွေမြို့နယ် တာမွေကြီး (က/ဂ)ရပ်ကွက် ၁၅၆ လမ်း၌ လည်းကောင်း အသီးသီး ဖမ်းဆီး ရမိခဲ့သည်။
တရားခံ ထူးထက်အောင်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် အောင်ကျော်ထက် ကို ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် ၂၅ ရပ် ကွက် ယုဇန(၄)လမ်း၌ SIGSAUER ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၁၈ တောင့်နှင့် လည်းကောင်း၊ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် တင်အောင် လွင် (ခ) သားကြီး၊ ဦးသန်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင် နှင့် ရွှေ သဉ္ဇာဦးတို့ လေးဦးကို လှည်းကူး မြို့ အမှတ်(၃)လမ်းဆုံစစ်ဆေးရေး ဂိတ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကျော်ဇင်ထူး(ခ)ရန်ပိုင်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်း တွင် ထက်အောင်လင်းကို ဒလမြို့ နယ် ဘုရင့်နောင်ရပ်ကွက် အောင် ဇေယျ (၆)လမ်းရှိ နေအိမ်၌ ၉ မမ ကျည် နှစ်တောင့်နှင့်လည်း ကောင်း၊ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် မင်းမင်းဦး (ခ)ကျော်ဦး (ခ) ဝေလွင်ဦး ကို ဒလ မြို့နယ် ကျန်စစ်သားရပ်ကွက် လမ်းသွယ် (၁) လမ်း၌ လည်း ကောင်း၊ ခိုင်ခိုင်ဝင်း (ခ) အရိုးမ နှင့် သက်ဝါဦး(ခ)တုတ်တုတ်တို့ နှစ်ဦးကို ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက် ဒလ-တွံတေးသွား ကား လမ်းဘေး၌ လည်းကောင်း၊ ကျော်မျိုးအောင် ကို ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် အုတ်လှငယ် လမ်းရှိ နေအိမ်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေ ပိုင်းတွင် ဇင်မိုးဦး၊ တင်ဇော်သိန်း (ခ) ဂန္ဓီနှင့် အောင်ဇော်မျိုးတို့ သုံးဦးကို ဒလမြို့နယ် ဘုရင့်နောင် ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်၌ လည်းကောင်း၊ ဇော်ဝင်းအောင်(ခ) စိန်ကုလားကို ဒလမြို့နယ် စက်မြေရပ်ကွက် ဆရာစံလမ်း အိမ်အမှတ်(၆၄)၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညပိုင်းတွင် ဖမ်းဆီးရန်ကျန် တရားခံ ကြည်လွင် (ခ) မီးသီး နေထိုင်သော အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် မဟာ သုတိသာလမ်းသွယ်(၁) တိုက် အမှတ် (5/A)ကို ဝင်ရောက်ရှာဖွေ ခဲ့ရာ နေအိမ်အတွင်းမှ RUGER SR-9 ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမကျည် ငါးတောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ ဒီတိုနေတာ အခု ၃၀၊ ယမ်းမှုန့် တစ်ထုပ်၊ ဆား ကစ်ပြား တစ်ခုနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ တင်အောင်လွင် (ခ) သားကြီး၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဝင်းမင်း ထွန်း(ခ)ရှမ်းပေါက် နှင့် စိုးမြတ်ဦး (ခ)တွတ်ပီတို့ နှစ်ဦးကို မြောက် ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားပြ တိုက်လုယက်ခြင်းများ ဆောင် ရွက်ခဲ့သည့် တရားခံ ကျား ၁၇ ဦး၊ မ လေးဦး စုစုပေါင်း ၂၁ ဦးကို ပစ္စတိုမျိုးစုံ ခုနစ်လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည်မျိုးစုံ ၉၈ တောင့်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ဖောက်ခွဲရေး သုံး ဒီတိုနေတာ အခု ၃၀၊ ယမ်းမှုန့် တစ်ထုပ်၊ ဆားကစ်ပြား တစ်ခု၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ထက်လင်း ဦး(ခ)ကိုထက်၊ ထူးထက်အောင် နှင့် အောင်ကျော်ထက်တို့ သုံးဦး သည် ၂၀၂၁ ခုနှစ် ဇွန်လခန့်တွင် KNLA တပ်မဟာ(၇)လှုပ်ရှားနယ် မြေ၌လည်းကောင်း၊ ကျော်ဇင် ထူး (ခ) ရန်ပိုင်၊ ရွှေသဉ္ဇာဦး၊ ဝင်းမင်းထွန်း (ခ) ရှမ်းပေါက်နှင့် စိုးမြတ်ဦး(ခ)တွတ်ပီတို့ လေးဦး သည် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီး၌လည်းကောင်း အကြမ်း ဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တစ်လခန့် တက် ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒလမြို့နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အား ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်နေ ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံ ပြေး ရဲနောင်နှင့် ဖမ်းဆီးရန် ကျန်တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုး တို့ခေါင်းဆောင်၍ ထက်လင်း ဦး(ခ)ကိုထက်၊ ထူးထက်အောင်၊ အောင်ကျော်ထက်၊ နိုင်လင်း၊ တင် အောင်လွင် (ခ) သားကြီး၊ ဦးသန်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင်၊ ဝင်းမင်း ထွန်း (ခ) ရှမ်းပေါက်၊ စိုးမြတ်ဦး(ခ)တွတ်ပီ နှင့် ဖမ်းဆီးရန်ကျန်တရား ခံများဖြစ်သော ကြည်လွင်(ခ) မီး သီး၊ အောင်ကျော် စိုး၊ ကျော်လင်း၊ အောင်လွန်း၊ စစ်နိုင်၊ ဇင်မင်းထွန်း၊ ရန်ကျော် နှင့် ဒီပ တို့ ပါဝင်သော ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဒလ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့် မှုဖြစ်စေရန် ရည်ရွယ်၍ အများ ပြည်သူနှင့် သက်ဆိုင်သော နေရာ များတွင် အကြမ်းဖက်ဖောက်ခွဲမှု လေးကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
- ၂၀၂၁ ခုနှစ် မေ ၇ ရက် တွင် ဒလမြို့နယ် ကျန်စစ် သားရပ်ကွက် ဒလ- တွံတေးကားလမ်းဘေးရှိ မြို့နယ် ပညာရေးမှူးရုံး ရှေ့၌ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်ဖြိုးနိုင်နှင့် ပြည်ဖြိုးသူ တို့က လက် လုပ်မိုင်းတစ်လုံး ဖောက်ခွဲ ခဲ့ပြီး ကျော်မျိုးအောင် နှင့် ထက်အောင်လင်း တို့က အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
- ၂၀၂၂ ခုနှစ် ဇွန် ၂၀ ရက် တွင် ဒလမြို့နယ် သပြေ ကုန်းကျေးရွာ အထက(၄)ကျောင်းရှေ့၌ ဖမ်းဆီးရန် ကျန်တရားခံ ပြည့်ဖြိုးနိုင် နှင့် ပြည်ဖြိုးသူတို့က လက် လုပ်မိုင်းတစ်လုံး ဖောက်ခွဲ ခဲ့ပြီး ကျော်မျိုးအောင် နှင့် ထက်အောင်လင်း တို့က အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
- ဩဂုတ် ၂၈ ရက်တွင် ဒလမြို့နယ် ဗိုလ်ရန်ပြေ ရပ်ကွက် ရာဇသင်္ကြန် လမ်းနှင့် ဒလ - တွံတေး လမ်းထောင့်ရှိ ဝတိံနန်း စတိုးဆိုင်ရှေ့၌ ထူးထက် အောင် က လက်လုပ်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင် နှင့် အေး သီတာဝင်း တို့က အခြေ အနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။
- အောက်တိုဘာ ၁၄ ရက် တွင် ဒလမြို့နယ် မဟာ ဗန္ဓုလလမ်းနှင့် တံတား ဖြူရေမြောင်း အနီးရှိ အမှိုက်ပုံ၌ ဖမ်းဆီးရန် ကျန်တရားခံ ရဲထက်နိုင် (ခ)ကျုံဒိုး က လက်လုပ် မိုင်းတစ်လုံး ဖောက်ခွဲခဲ့ ပြီး နိုင်လင်း၊ ဟိန်းထက် (ခ) အငယ်ကောင်နှင့် အေးသီတာဝင်း တို့က အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ခြောက်ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်နှင့် ဖမ်းဆီးရန် ကျန်တရားခံ ရဲထက်နိုင် (ခ)ကျုံဒိုးတို့သည် ဒလ မြို့နယ် တပင်ရွှေထီး ရပ်ကွက်ရှိ နယူးရွှေခရား ကြီး လက်ဖက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးကျော် မင်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့ပြီး နိုင်လင်းနှင့် အေး သီတာဝင်း တို့က အခြေ အနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။
- မေ ၁ ရက်တွင် ထက်လင်း ဦး(ခ) ကိုထက်သည် ဒလ မြို့နယ် ဝန်ထမ်းအိမ်ရာ ရပ်ကွက်၌ အပြစ်မဲ့ ပြည်သူ ဦးချစ်မိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နိုင်လင်း နှင့် ဟိန်းထက်(ခ)အငယ် ကောင် တို့က အခြေ အနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။
- ဩဂုတ် ၁၄ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင် နှင့် ဖမ်း ဆီးရန် ကျန်တရားခံ ရဲထက်နိုင် (ခ) ကျုံးဒိုး တို့သည် ဒလမြို့နယ် စက်မြေရပ်ကွက် မင်းရဲ ကျော်စွာလမ်း၌ အပြစ်မဲ့ ပြည်သူ ဦးကျော်ကျော် ဝင်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက် (ခ) အငယ်ကောင်နှင့် အေးသီတာဝင်း တို့က အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။
- ဩဂုတ် ၃၀ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင်နှင့် ဖမ်း ဆီးရန် ကျန်တရားခံ ရဲ ထက်နိုင်(ခ)ကျုံဒိုး တို့က ဒလမြို့နယ် သမ္မတ ကမ်း ခြေ ရပ်ကွက်အတွင်း၌ ရာအိမ်မှူး ဦးစိုးမင်းဦး အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင်၊ အေး သီတာဝင်း၊ ခိုင်ခိုင်ဝင်း(ခ)အရိုးမနှင့် သက်ဝါဦး(ခ)တုတ်တုတ် တို့က အခြေ အနေ စောင့်ကြည့်ပေးခဲ့ ကြောင်း။
- စက်တင်ဘာ ၂၅ ရက်တွင် ထက်လင်းဦး(ခ)ကိုထက် သည် ဒလမြို့နယ် ကျန် စစ်သားရပ်ကွက်၌ အပြစ် မဲ့ပြည်သူ ဦးဝဏ္ဏထွန်း အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ)အငယ်ကောင်၊ ခိုင်ခိုင်ဝင်း (ခ) အရိုးမနှင့် သက်ဝါဦး (ခ) တုတ်တုတ် တို့က အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း။
- စက်တင်ဘာ ၂၉ ရက်တွင် ထက်လင်းဦး(ခ)ကိုထက် နှင့် ဖမ်းဆီးရန်ကျန် တရားခံ ဇင်မင်းထွန်း သည် ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၂၆ လမ်းထောင့်၌ တပ်ကြပ် မင်းထွန်းအား ပစ္စတို ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက် (ခ) အငယ် ကောင်နှင့် မင်းမင်းဦး(ခ)ကျော်ဦး (ခ) ဝေလွင်ဦး တို့က အခြေအနေစောင့် ကြည့်ပေးခဲ့ကြောင်း။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်း ဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်ခြင်းများကို ဒလမြို့ နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံပြေး ရဲနောင် က ခိုင်းစေ ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများကို တရား ခံပြေး ရဲနောင် က မြဝတီမြို့မှ တစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံပြေး ရဲနောင်၏ ခိုင်းစေ ချက်အရ ထူးထက်အောင် နှင့် ဖမ်းဆီးရန်ကျန်တရားခံ ရဲထက် နိုင် (ခ) ကျုံဒိုး တို့က ဦးဆောင်၍ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့် မှတ်တိုင်အနီးရှိ A ဘဏ်နှင့် ရတနာရွှေဆိုင်တို့အား ဓားပြ တိုက်လုယက်မှုများ ကျူးလွန်၍ ရရှိသော ငွေကြေးများအား အသုံး ပြုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လမှစ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်း များကို တိုးမြှင့်ဆောင်ရွက်သွား ရန် စီစဉ်ထားရှိကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံပြေး ရဲနောင် ၏ ခိုင်းစေ ချက်အရ တင်အောင်လွင်(ခ)သား ကြီး၊ ဦးသန်း၊ တင်ဇော်သိန်း(ခ)ဂန္ဓီ၊ ဇင်မိုးဦး၊ အောင်ဇော်မျိုးနှင့် ဇော်ဝင်းအောင် (ခ) စိန်ကုလား တို့သည် ဒလ PDF အကြမ်းဖက် အဖွဲ့အတွက် လူမှုကွန်ရက်မှ တစ်ဆင့် ပြည်တွင်း/ပြည်ပရှိ အစွန်းရောက် NLD ပါတီဝင် များနှင့် အကြမ်းဖက်အဖွဲ့အား ထောက်ခံသူများထံမှ နည်းလမ်း မျိုးစုံဖြင့် အလှူငွေများကောက်ခံ ၍ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်ခြင်းများတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်