ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဝန်ထမ်းမိသားစုများ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 

ရန်ကုန်    ဧပြီ   ၁၈


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌      ဝန်ထမ်း မိသားစုများ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို  ယမန်နေ့ မွန်းလွဲ ၃ နာရီက တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး    မင်္ဂလာခန်းမ၌ ကျင်းပသည်။

 


မြန်မာလူမျိုးတို့၏ ဓလေ့ရိုးရာအရ  နှစ်သစ်ကူး ကောင်းမှုကုသိုလ်များ  ပြုလုပ်ရာတွင်  အန္တရာယ် ကင်း   ပရိတ်တရားတော်  ရွတ်ဖတ်ပူဇော်ပွဲများကို  နိုင်ငံတစ်ဝန်းကျင်းပကြပြီး ယနေ့တွင်လည်း အစိုးရ အဖွဲ့  ရုံးဝန်ထမ်းမိသားစုများက  ဆရာတော်၊ သံဃာ တော်များပင့်ဖိတ်၍   ကျင်းပကြပြီး   ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  ဇနီး၊ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ဇနီးများ၊ အစိုးရအဖွဲ့ ရုံးအရာ ထမ်း၊  အမှုထမ်းများနှင့် မိသားစုများ တက်ရောက် ကြသည်။

 


ထို့နောက်         နိုင်ငံတော်သံဃမဟာနာယက တွဲဖက်အကျိုးတော်ဆောင်     ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် တိုက်ကျောင်းပါဠိတက္ကသိုလ်၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြ ပြီး  နိုင်ငံတော်သံဃမဟာနာယက  တွဲဖက်အကျိုး တော်ဆောင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်း  အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသီဟနာဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် များ ရွတ်ပွားသရဇ္ဈာယ်အပ်သော  မေတ္တသုတ်ပရိတ် တရားတော်များ  နာယူကြည်ညိုကြသည်။

 


ထို့နောက် ဆရာတော်ကြီးများအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံ တော်   သံဃမဟာနာယကအဖွဲ့ဝင်   ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် နေနတ်သားစာသင် တိုက်   အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊   အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍     ရေစက်သွန်းချ    အမျှပေးဝေ ကြသည်။                    

 

ဆန်းကျော်ဦး(ပြန်/ဆက်)