နေပြည်တော် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ သန်လျင် ရေတပ်စခန်းဌာနချုပ်မှ တပ်ဖွဲ့ဝင် ၁၇ ဦးက လက်နက်အချို့ယူဆောင်ပြီး တပ်မှထွက်ပြေးသွား ကြောင်း ကောလာဟလသတင်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ တပ်ဖွဲ့ဝင် ၁၇ ဦး တပ်မှထွက်ပြေးခြင်း မရှိကြောင်း တပ်တွင်းအခိုင်အမာ သတင်းများအရ သိရှိရပြီး ပြည်ဖျက်မီဒီယာအချို့က လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေ သည့် လုပ်ကြံသတင်းများသာဖြစ်ပြီး နိုင်ငံတော် တာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်နေကြ သည့် တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်လာ စေရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက် ပျက်ပြားစေရန် ဝါဒဖြန့်ရေးသားမှုသက်သက်သာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်