ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Ye Min Aung Money Changer ဓားပြတိုက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၉


နိုဝင်ဘာ ၁၂ ရက်  ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး    မင်္ဂလာတောင်ညွန့်မြို့နယ်      ဖို့မြေရပ်ကွက်    သိမ်ဖြူလမ်း အမှတ်(၅၀၀)    မြေညီထပ်တွင်        ဖွင့်လှစ်ထားသော   Ye Min Aung Money Changer  သို့  အမျိုးသား သုံးဦး ဝင်ရောက်လာပြီးအမျိုးသား နှစ်ဦးက    သေနတ်ဖြင့်ချိန်ကာ ကျန်အမျိုးသား       တစ်ဦးက ဓားမြှောင်တစ်လက် ကိုင်ဆောင် ခြိမ်းခြောက်၍ ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀   ခန့်နှင့်   I phone   တစ်လုံး ကို   ဓားပြတိုက်    ယူဆောင်သွားခဲ့ ကြောင်း  သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဓားပြတိုက်မှုအား တရားခံလေးဦး က ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ် ပြီး သုံးဦးက ဆိုင်အတွင်းဝင်ရောက် လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင် ဘက်ရှိ    မော်တော်ယာဉ်ပေါ်၌ အသင့်  စောင့်ဆိုင်းနေခဲ့သည်ကို တွေ့ရှိပြီး     အခင်းဖြစ်နေရာ၌ လုယက်သူများ    ကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊   ကျည် အိမ်တစ်ခု၊ 9mm ကျည်ကိုးတောင့် နှင့် ကျည်ခွံတစ်ခုတို့ကိုသိမ်းဆည်း ရမိခဲ့သဖြင့်  ဓားပြတိုက်မှုကျူးလွန် သူ     တရားခံများအား    မင်္ဂလာ တောင်ညွန့်     မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှု ဖွင့်လှစ်၍      ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။ 

 


ဖြစ်စဉ်တွင်     ဓားပြတိုက်မှု ကျူးလွန်သူ     တရားခံများကို ဖော်ထုတ်ဖမ်းဆီးရနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက  ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူ များနှင့်   ပူးပေါင်း၍ သတင်းရယူ စုံစမ်းခြင်း၊ ခိုင်လုံသည့် လုံခြုံရေး မှတ်တမ်း အထောက်အထားများ ကို    အခြေခံကာ    ရရှိလာသော သတင်းများ   ကွင်းဆက်မပြတ် ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ   ဓားပြ တိုက်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့ သည့် မော်တော်ယာဉ်ကိုမောင်းနှင် ပေးခဲ့သူ       မင်္ဂလာတောင်ညွန့် မြို့နယ် ဖို့မြေရပ်ကွက်  ၁၀၃ လမ်း     တိုက်အမှတ်  (၂၇)  ၆ လွှာ-အေနေ အောင်ပိုင်ဦး(ခ)    ပိုင်ပိုင်(၁၉)နှစ် (ဘ) ဦးကျော်မင်းနိုင်ကို   ငွေစက္ကူ ရောရာ ၄၅ သိန်း၊ Redmi  K30     အမျိုးအစား   အပြာရောင်ဖုန်း တစ်လုံး၊   ဓားပြတိုက်မှုကျူးလွန် စဉ်     ဝတ်ဆင်အသုံးပြုခဲ့သည့်    အနက်ရောင် တီရှပ်အင်္ကျီလက်တို  တစ်ထည်၊ အဖြူရောင်  ဘောင်းဘီ ရှည် တစ်ထည်တို့နှင့်အတူ နိုဝင် ဘာ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင်   မင်္ဂလာတောင်ညွန့် မြို့နယ်   ဗိုလ်မင်းရောင်လမ်းရှိ မြယာကုန်းမီးပွိုင့်တွင်     စတင် ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိသူ   အောင်ပိုင်ဦး (ခ)ပိုင်ပိုင်၏    ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင်   ပါဝင်သူ  သာကေတမြို့နယ်    (၇/အရှေ့)ရပ်ကွက်  သဇင်နီလမ်း  အမှတ်(၉)နေ    အောင်ရဲနိုင်(ခ)အရှည်ကြီး (၂၄)နှစ် (ဘ)ဦးခင်မောင်သန်းအား Redmi K30  အမျိုးအစား ခရမ်း ရောင်      ဖုန်းတစ်လုံးနှင့်အတူ ယင်းနေ့နံနက်    ၉    နာရီ   ၃၅  မိနစ်တွင်       သာကေတမြို့နယ် မင်းနန္ဒာလမ်းနှင့် မင်းရဲကျော်စွာ လမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့သည်။

 


ဆက်လက်၍ ပြစ်မှုကျူးလွန် ရာတွင်   ပါဝင်သူ   သာကေတ မြို့နယ်   (၆/အရှေ့)   ရပ်ကွက် အောင်သုခ  (၂၂) လမ်း    အမှတ် (၁၁၅၄)နေ မင်းဟိန်း(ခ)ဂွပု(၂၄)နှစ် (ဘ) ဦးဉာဏ်ထွန်းမြင့်အား ယင်းနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ် တွင် Oppo A16K အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

 


ဖမ်းဆီးရမိသူများ၏  ထွက်ဆို ချက်အရ      ဓားပြတိုက်မှုအား ဝေကြီး(ခ)ဝေဖြိုးအောင်(ဖမ်းဆီး ရန်ကျန်)က ဦးဆောင်ပြီး အဖွဲ့ဝင် လေးဦးဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ် ကြောင်း၊ ဓားပြတိုက်မှုကျူးလွန် စဉ် ဝေကြီး(ခ)ဝေဖြိုးအောင်က ပစ္စတိုသေနတ်အား    ကိုင်ဆောင် ကာ အောင်ရဲနိုင်(ခ)အရှည်ကြီးနှင့် အတူ    ဆိုင်အတွင်း   ဝင်ရောက် လုယက် ဓားပြတိုက်ခဲ့ပြီးမင်းဟိန်း (ခ)ဂွပုက     ဆိုင်အပေါက်ဝတွင် အခြေအနေ     စောင့်ကြည့်ပေး ကာ   အောင်ပိုင်ဦး(ခ)ပိုင်ပိုင်က ဆိုင်အပြင်၌ မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်း ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ဓားပြတိုက်မှုကျူးလွန် ရာတွင်   အသုံးပြုခဲ့သည့်  ပစ္စတို သေနတ်ကို      ဝေကြီး(ခ) ဝေဖြိုး အောင်     (ဖမ်းဆီးရန်ကျန်)  က ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဓားပြတိုက်မှု  ကျူးလွန်ရာမှရရှိ ခဲ့သည့် ငွေကျပ်  ၁၇၃ သိန်းအနက် မှ    အောင်ပိုင်ဦး(ခ)ပိုင်ပိုင်  အား ငွေကျပ်  ၁၅ သိန်း၊ မင်းဟိန်း(ခ)ဂွပုအား ငွေကျပ် ၁၀ သိန်း၊ အောင် ရဲနိုင်(ခ)အရှည်ကြီးအား ငွေကျပ် ၁၅ သိန်းစီ ခွဲတမ်းအဖြစ် ပေးအပ် ခဲ့ပြီး   ကျန်ငွေများကို  ဝေကြီး(ခ)ဝေဖြိုးအောင်က ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖြစ်စဉ်တွင်    ဓားပြတိုက်မှု ကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသူများ ဖြစ်ကြသည့် တရားခံ အောင်ပိုင်ဦး (ခ) ပိုင်ပိုင်ပါ      သုံးဦးတို့အား သက်သေခံပစ္စည်းများ   ဖြစ်သည့် ငွေစက္ကူရောရာ ငွေကျပ် ၄၅ သိန်း၊ ဖုန်းမျိုးစုံ သုံးလုံး၊ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ကိုးတောင့်၊ ကျည်ခွံတစ်ခု၊ ပြစ်မှုကျူးလွန်စဉ် အောင်ပိုင်ဦး (ခ)ပိုင်ပိုင် ဝတ်ဆင်ခဲ့သည့် အနက် ရောင်       တီရှပ်အင်္ကျီလက်တို တစ်ထည်နှင့် အဖြူရောင် ဘောင်း ဘီရှည်    တစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ     ဖမ်းဆီးရမိ သူများအား        ဥပဒေနှင့်အညီ ထိရောက်စွာ    အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ဝေကြီး  (ခ)  ဝေဖြိုးအောင်အား အမြန်ဆုံး    ဖမ်းဆီးရမိနိုင်ရေး ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မိဘပြည်သူများအနေ ဖြင့် ၎င်းတရားခံပြေးအားတွေ့မြင် သိရှိရပါက    နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံ      အသိပေး သတင်းပို့     တိုင်ကြားနိုင်ပါကြောင်း နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက် မှုများ တားဆီးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက     အချိန်နှင့် တစ်ပြေးညီ   ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။    


သတင်းစဉ်