ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရ

 

နေပြည်တော်    အောက်တိုဘာ   ၁၉


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ဗဟိုအကျဉ်းထောင်၌   ပေါက်ကွဲမှုဖြစ်ပွား၍  အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 


ဖြစ်စဉ်မှာ   ယနေ့    နံနက် ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ  အင်းစိန်     ဗဟိုအကျဉ်းထောင်၌  ပေါက်ကွဲမှု       ဖြစ်ပွားကြောင်း သတင်းအရ    လုံခြုံရေးတပ်ဖွဲ့  ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါဗဟိုအကျဉ်းထောင် ၏      ဝင်/ထွက်    ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ် ထုပ်လက်ခံသည့် အဆောက်အဦ အတွင်းနှင့်     အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ် ထုပ်များအတွင်း  မိုင်းများ  ထည့် သွင်း             ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုများ     ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။

 


မိုင်းစထိမှန်


အဆိုပါ        ပေါက်ကွဲမှုများ  ကြောင့် အခင်းဖြစ်နေရာအနီးတွင်  တာဝန်ဝတ္တရားများ ဆောင်ရွက်  လျက်ရှိကြသည့် အကျဉ်းထောင် တပ်သားများဖြစ်သည့် ကျော်ဇင် ဦး၊ ချစ်မိုးဝေနှင့် ပိုးအိစံ၊ အကျဉ်း သားများအတွက်    ပါဆယ်ထုပ် လာရောက် ပေးပို့သူများဖြစ်ကြ သည့်  ဒေါ်သင်းသင်းချို (၅၄)   နှစ်၊ မယွန်းမီမီကျော်    (၁၀)   နှစ်၊ ဒေါ်သိန်းကြွယ် (၅၆) နှစ်နှင့် စိစစ် ဆဲ အမျိုးသမီး နှစ်ဦး စုစုပေါင်း ရှစ်ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိကာ  အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး      အကျဉ်း ထောင်   လက်ထောက်ကြီးကြပ် ရေးမှူး   (၁)   ဒေါ်သိင်္ဂီဝင်းမြင့်၊  အကျဉ်းထောင်တပ်သား ဇေယျာ ခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊  သဒ္ဒါဖူးကိုကိုနှင့် အကျဉ်းသားများ အတွက် ပါဆယ်ထုပ်လာရောက် ပေးပို့သူများ             ဖြစ်ကြသည့် မောင်ဖြိုးသူသျှံ (ခ) ပိုင်ပိုင် (၉) နှစ်၊ ကိုရန်နိုင် (၃၅) နှစ်၊  ကိုစည်သူ အောင် (၃၈) နှစ်၊ မောင်ပြည့်စုံဖြိုး (၁၇)   နှစ်၊   ကိုထက်နိုင်ထွန်းရှိန် (၃၃)  နှစ်၊   ဒေါ်ဇာခြည်လွင်   (ခ)မလုံးစီ (၄၃) နှစ်၊ မအေးစန္ဒာစိုး (၂၁) နှစ်၊ ဒေါ်မျိုးပပဝင်း (၄၁) နှစ်၊ မမေသွန်းနဒီနိုင်    (၁၇)    နှစ်၊ ဒေါ်နော်ဝါးဖော (၅၀) နှစ်၊ မဆွေ သူအောင်(၂၉) နှစ်၊ မဇင်မာဝင်း (၃၄) နှစ်၊ ဒေါ်မိုးသီတာ (၅၃) နှစ် စုစုပေါင်း ၁၈ ဦးတွင် မိုင်းစ ထိမှန်  ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား   အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ထား ရှိကာ လိုအပ်သော ဆေးဝါးကုသ မှုများ     ဆောင်ရွက်ပေးလျက်ရှိ သည်။

 


ထပ်မံတွေ့ရှိ  


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့  ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့်  နေရာအား မိုင်းရှင်းလင်းရေးများ  ဆောင်ရွက်ခဲ့ရာ       ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်    အဆောက်အဦ အတွင်းမှ    ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့်    ပါဆယ်ထုပ်  အတွင်းမှ  လက်လုပ်မိုင်းတစ်လုံး  ထပ်မံတွေ့ရှိ         သိမ်းဆည်းရမိ သဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်း ခဲ့ပြီး ဖြစ်စဉ်တွင် အကျဉ်းထောင် ဝန်ထမ်းများနှင့်   အပြစ်မဲ့အရပ် သား ပြည်သူများကို သေဆုံးထိခိုက် ဒဏ်ရာများ ရရှိစေခဲ့သည့် အကြမ်း ဖက်သမားများအား    ဥပဒေနှင့် အညီ   အရေးယူနိုင်ရေး   စုံစမ်း စစ်ဆေးခြင်းများ     ဆက်လက် ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်