ရန်ကုန်မြို့သို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမည်

 

ရန်ကုန်   ဩဂုတ်  ၂၆


ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏    (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်   ၂၃  ရက်က  ရန်ကုန်တိုင်း ဒေသကြီး  အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။

 


အစည်းအဝေးတွင် တိုင်းဒေ သကြီး   တရားမဝင်   ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က        ရန်ကုန်တိုင်းဒေသ ကြီး အဆင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့၊  ခရိုင်အဆင့် အဖွဲ့များတွင်   ပါဝင်သင့်သည်      ဌာနဆိုင်ရာများ        ထည့်သွင်း ၍   ပြန်လည်ဖွဲ့စည်းရန်၊  တိုင်းဒေ သကြီးအတွင်းသို့       မြဝတီ၊    ကော့သောင်းနှင့်မူဆယ်၊ ဧရာဝတီ တိုင်း၊   ပဲခူးတိုင်းတို့မှ  ကုန်းလမ်း ကြောင်း ၁၁လမ်း၊ ရေကြောင်း လမ်း      ဆိပ်ကမ်းရှစ်ခုအပြင်    အခြားလမ်းကြောင်းများမှ  တစ် ဆင့်   ကုန်ပစ္စည်းများ   အများဆုံး ဝင်ရောက်လျက်ရှိရာ      ထိုသို့ ဝင်ရောက်လာသော  ကုန်စည်များ တွင်  တရားမဝင်ကုန်ပစ္စည်းများ  ပါဝင်လာမှုမရှိစေရေးနှင့်   ရှောင် ကွင်းလမ်းများကို   အသုံးပြု၍  တရားမဝင်      ကုန်စည်များကို ရန်ကုန်တိုင်းဒေသကြီး  အတွင်း သို့  သယ်ဆောင်နိုင်သောကြောင့် ဖွဲ့စည်းပြီးသော   အဖွဲ့များဖြင့်    ၎င်းလမ်းကြောင်းများကို  ပိတ်ဆို့ စစ်ဆေးဆောင်ရွက်မှုများ ပုံမှန် ဆောင်ရွက်ရန်    လိုအပ်ကြောင်း တို့ကို ပြောကြားသည်။

 


ထို့နောက်   တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့   အတွင်းရေးမှူး စားသုံးသူရေးရာ      ဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးရဲထွဋ်နိုင်က တိုင်းဒေသကြီးအဆင့်၊     ခရိုင် အဆင့်အဖွဲ့များ  ဖွဲ့စည်းထားရှိမှု နှင့် ဦးဆောင်ကော်မတီ အစည်း အဝေးမှ လမ်းညွှန်မှာကြားချက် များ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက်   ဆောင်ရွက် လျက်ရှိသည့်   အစီအစဉ်များကို ဆွေးနွေးတင်ပြသည်။

 


ယင်းနောက် တိုင်းဒေသကြီး  တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက် ရေး    အထူးအဖွဲ့    ဥက္ကဋ္ဌက လုပ်ငန်းများ  ဆောင်ရွက်ရာတွင်    လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊   ယာဉ်ကြောကျပ်တည်းမှု  မရှိစေ ရေးနှင့်  ပြည်သူများ၏  လုပ်ငန်း   ဆောင်ရွက်မှုများကို    အနှောင့် အယှက်မဖြစ်စေရေး အထူးဂရုပြု   ဆောင်ရွက်ကြရန်     မှာကြားခဲ့သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)