
နေပြည်တော် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့အနီး ရန်ကုန်မြစ်အတွင်းရှိ သမ္မတ ကမ်းခြေဆိပ်ကမ်းအနီး၌ ယနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် ဆင်ဟိုင်း - ၆ အမည်ရှိ တွန်းသင်္ဘောတစ်စင်း မီးလောင်နေ ကြောင်း သတင်းအရ တပ်မတော် (ရေ)မှပင်လယ်သွားတွဲဆွဲ ရေယာဉ် သုံးစင်းသည်ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်ရသည့် အကြောင်းရင်းအား သက်ဆိုင်ရာမှ ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်