ချစ်လှစွာသော မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့၊ ညီအစ်ကို မောင်နှမတို့၊ သားသမီးတို့ မျှော်လင့်ခြင်း၊ ပြန်လည်ကုသခြင်းတို့နဲ့ ပြည့်ဝတဲ့ နှစ်သစ်ကူးကာလဖြစ်ပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ် ပါတယ်။ ဒီနိုင်ငံမှာ ကရုဏာစိတ်ထားကိုအားလုံး လက်ဆုပ်လက်ကိုင် ထားဖို့ လိုပါတယ်။
ကရုဏာတရားဟာ လမ်းစဉ်ဖြစ်ပါတယ်။ သမ္မာ တရားဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းနဲ့ ပြန်လည်သင့်မြတ်ခြင်းမရှိဘဲ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်ဟာလည်း တည်ထောင်နိုင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ အတူယှဉ်တွဲနေထိုင်မယ့် ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ ဖန်တီးနိုင်ပါတယ်။ မကြာမီမှာ ငြိမ်းချမ်းရေး တေးသီချင်းတွေကို ဆိုရပါလိမ့်မယ်လို့ ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါတယ်။ ဒီမြေပေါ် မှာ ငြိမ်းချမ်းရေး အလင်းတန်းလည်းပဲ ဝေဖြာပြီးထွက်လာပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကာဒီနယ်လ်ချားလ်စ်ဘို
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်