ရန်ကုန် - မန္တလေး အမြန်လမ်းမ၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်ရပ်တွင် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ ကွယ်လွန်

 

ရန်ကုန်  မတ်   ၄


ရန်ကုန် - မန္တလေး   အမြန်လမ်းမ   မိုင်တိုင် ၁၆၇  ၌ မတ် ၄ ရက် နံနက် ပိုင်းက ဖြစ်ပွားခဲ့သောခရီးသည် တင်   မှန်လုံယာဉ်  တိမ်းမှောက်မှု တွင်        မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း    ရွှေဓူဝံ    ပါဝင် ခဲ့ပြီး    ကွယ်လွန်ခဲ့ကြောင်း  သိရ သည်။
ရန်ကုန်  -  မန္တလေး  အမြန် လမ်းမ မိုင်တိုင် ၁၆၇    ၄ ဖာလုံ နှင့် ၅ ဖာလုံကြားတွင် ခရီးသည် တင် မှန်လုံယာဉ်   တိမ်းမှောက်ခဲ့ရာ ကွယ်လွန်သူအချို့ရှိခဲ့ပြီး ရွှေဓူဝံ လည်း   ပါဝင်သွားခြင်းဖြစ်သည်။

 


ရွှေဓူဝံသည်    မြန်မာနိုင်ငံ၏ ရိုးရာလက်ဝှေ့လောကတွင် နာမည် ကျော်ကြားခဲ့သည့်     လက်ဝှေ့ ချန်ပီယံဟောင်း   တစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာ   လက်ဝှေ့ပရိသတ် များကြားတွင်   ယနေ့အချိန်အထိ ကျော်ကြားနေဆဲ   ကစားသမား ဟောင်း  တစ်ဦးလည်းဖြစ်သည်။ ရွှေဓူဝံ ရုတ်တရက် ကွယ်လွန်သွား ခြင်းအတွက် မြန်မာ့ရိုးရာလက်ဝှေ့ လောကသားများက   ဝမ်းနည်း ကြောင်း      လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။

 


“ရွှေဓူဝံဆိုတာ  မြန်မာ့ရိုးရာ လောကမှာ နာမည်ရခဲ့တဲ့ ကစား သမားကောင်းတစ်ဦးပါ။  အထူး သဖြင့် ရွှေဓူဝံ  - ဝမ်ချိုင်းတို့ရဲ့ ပွဲတွေက အခုအချိန်ထိ ပရိသတ် အမှတ်ရနေတဲ့ ပွဲတွေဖြစ်ပါတယ်။  သူက  ထူးချွန်တဲ့ ကစားသမား ကောင်း  တစ်ဦးပါ။  အခုလို မထင် မှတ်ဘဲ ကွယ်လွန်သွားတဲ့အတွက် မယုံကြည်နိုင်လောက်အောင်ဖြစ် ရပါတယ်။ မတော်တဆဖြစ်ရပ်နဲ့ ကွယ်လွန်တာ     ဖြစ်တဲ့အတွက် ပိုပြီးဝမ်းနည်းရပါတယ်”ဟု ရွှေဓူဝံ နှင့်       အတူလက်တွဲခဲ့ဖူးသည့် မြန်မာ့ရိုးရာလက်ဝှေ့လောကသား တစ်ဦးက ပြောသည်။


ရဲရင့်လွင် 
ဓာတ်ပုံ - Myanmar  Lethwei Collection Facebook