ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၂၂


ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်   သက်ဆိုင်သည့် လိုင်စင်၊  ပါမစ်၊  ထောက်ခံချက်များ  ပြန်လည် သုံးသပ်ရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


ပြောကြား


အစည်းအဝေးတွင်      ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်က သက်ဆိုင်ရာ အစိုးရ ဌာန၊ အဖွဲ့အစည်းများက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့်   လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များထုတ်ပေးရာတွင် ယခင်ကကဲ့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရယူနေရခြင်း ကဲ့သို့  သမားရိုးကျနည်းလမ်းဖြင့် ဆောင်ရွက်မည့် အစား  ခေတ်စနစ်နှင့်  လိုက်လျောညီထွေရှိသည့် နည်းပညာအသုံးပြု ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ် နိုင်ရေး တီထွင်ကြံဆ ကြိုးပမ်းဆောင်ရွက်ရေးနှင့် သက်ဆိုင်သည့်   ဌာနတစ်ခုနှင့်တစ်ခု   ပူးပေါင်း ဆောင်ရွက်ရန်နှင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း များ  ဆောင်ရွက်ရာ၌ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန် ပြောကြားသည်။
အစည်းအဝေး၌ သက်ဆိုင်ရာဌာန အဖွဲ့အစည်း များက အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ များနှင့် တာဝန်ရှိသူများက အစိုးရဌာန၊ အဖွဲ့အစည်း များအလိုက်  စီးပွားရေးလုပ်ငန်းများနှင့်  သက်ဆိုင် သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေး ရာတွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  နိုင်ငံသားများအပေါ် အကျိုးပြုနိုင်မှု၊  အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ သွင်းကုန်အစားထိုးနိုင်မှု၊  နိုင်ငံခြားဝင်ငွေရရှိမှုတို့ကို ဦးတည်၍  ပြုပြင်ပြောင်းလဲမှုများနှင့်  ဖြေလျှော့ ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးကြသည်။


သတင်းစဉ်