ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းတုံမြို့ မြန်မာ-ထိုင်းနယ်စပ် Bp-1 နယ်စပ်ဂိတ် သွားရောက်ကြည့်ရှုစစ်ဆေး

 

ပုံပါကျင်     ဇန်နဝါရီ     ၉


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီ  ၇  ရက်က  ရှမ်းပြည်နယ်  အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့   Bp-1   မြန်မာ-ထိုင်းနယ်စပ်ဂိတ်ကို   သွားရောက်ကြည့်ရှု  စစ်ဆေးရာ   မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အုပ်ချုပ်ရေးမှူးက      မြန်မာနိုင်ငံ တောင်ကြီးမြို့မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိသော      ကားလမ်းများ၏      ခရီးအကွာအဝေး တည်နေရာပြ Google မြေပုံများဖြင့် ရှင်းလင်းပြီး  မိုင်းတုံ-ပုံပါကျင်   Bp-1 လမ်းနှင့်   ပတ်သက်၍ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြား၍ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ Bp-1 နယ်စပ် ဂိတ်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။  

 


ဆက်လက်၍    ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်    ဟွေအောရော်ဘာစက်ရုံသို့    သွားရောက်ကာ ရော်ဘာထုတ်လုပ်နေမှု   အဆင့်ဆင့်  လှည့်လည် ကြည့်ရှုသည်။   အဆိုပါဟွေအောရော်ဘာစက်ရုံမှ တစ်နေ့လျှင်  ရော်ဘာတန်ချိန်  ၁၅ တန် ထွက်ရှိ ကြောင်း၊    စက်ရုံလည်ပတ်မှုကို   ကျောက်မီးသွေး ၆၀၀  ကီလိုဝပ်စက်များဖြင့်  လည်ပတ်ကာ အလုပ် သမား ၆၀ ဖြင့် ဆောင်ရွက်၍ ထွက်ရှိလာသော  ရော်ဘာများကို    တာချီလိတ်မြို့သို့       တင်ပို့ကာ ၁  ကီလိုလျှင်  ထိုင်းငွေ  ၃၄  ဘတ်ဖြင့် ရောင်းချပြီး စက်ရုံ လေးရုံဖြစ်သည့် ဟွေအောစက်ရုံ၊  မိုင်းဆတ် မြို့နယ်   မိုင်းယွန်းတွင်  စက်ရုံ   နှစ်ရုံ၊ ဝမ်ဟုန်တွင် တစ်ရုံ စက်ရုံ လေးရုံဖြင့် လည်ပတ်လျက်ရှိကာ စက်ရုံများကို ၂၀၁၆ ခုနှစ်က စတင်လည်ပတ်လျက် ရှိကြောင်း သိရသည်။

 


ယင်းနောက်    ပြည်နယ်ဝန်ကြီးချုပ်၊    တြိဂံ ဒေသတိုင်း    တိုင်းမှူး၊   ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်      နမ့်ဟူးခွန်ကျေးရွာအုပ်စု ဟောင်လိတ်ကျေးရွာ တောင်သူ ဦးအားဝူ စိုက်ပျိုး ထားသော   ကြက်သွန်ဖြူ   ရေဖျန်းစနစ်  စိုက်ခင်း ၉ ဒသမ ၆၅ ဧကကို  သွားရောက်ကြည့်ရှုရာ တာဝန် ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  “ဝ”  ဒေသ အထူးအဖွဲ့နှင့်  တွေ့ဆုံရာ “ဝ”  ဒေသ အထူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒေသလိုအပ်ချက် များ တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားသည်။    ဆက်လက်၍   မိုင်းတုံမြို့နယ်       အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေး ခန်းမ၌ ကျင်းပသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ   ထောက်ပံ့ပေးအပ်ခြင်း   အခမ်းအနား တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည် နယ် အစိုးရအဖွဲ့မှ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း ကို ပေးအပ်သည်။ 

 


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်၊  တြိဂံဒေသ တိုင်း တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် မိုင်းတုံမြို့ မွေတော်ကျောင်း ပြည်နယ် သံဃာ့ဝန်ဆောင်မြို့မမွေတော်ကျောင်း တိုက်ပဓာန နာယက    ဆရာတော်      ဘဒ္ဒန္တစာရိန္နမဟာသဒ္ဒမ္မ ဇောတိကဓဇမဟာထေရ်မြတ်   သက်တော်   (၁၀၀)နှစ်၊  သိက္ခာတော်   (၈၀)  ၏   ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကာ    ကျောင်းရှိ     ဆရာတော်  သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။ 


မောင်မောင်သန်း(တောင်ကြီး)