ရှမ်းပြည်နယ်ဝန်ကြီးချုပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အတာသင်္ကြန်မဏ္ဍပ်နှင့် အင်းလေးရေပေါ်သင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်

 

တောင်ကြီး    ဧပြီ    ၁၅


၂၀၂၃   ခုနှစ်   မြန်မာ့ရိုးရာ   မဟာအတာသင်္ကြန် ပွဲတော်   (အကြတ်နေ့)  ဧပြီ   ၁၅  ရက်   နံနက် ၉  နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊   ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ သည်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်   အတာသင်္ကြန် မဏ္ဍပ်သို့  သွားရောက်ကြည့်ရှုအားပေးရာ တေးဂီတ အဆိုရှင်များ၊  ယိမ်းအကအဖွဲ့များမှ   ကပြဖျော်ဖြေ ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်  ဇနီး၊   ပြည်နယ် ဝန်ကြီးများက  ဂုဏ်ပြုဆုငွေများ  ချီးမြှင့်ပေးခဲ့ကြ ကြောင်း သိရသည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊   တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် အင်းပေါခုန်ကျေးရွာရှိ  ခေတ်ဆန်းယဉ်အင်းလေး ရေပေါ်သင်္ကြန်ဏ္ဍပ်သို့   သွားရောက်ရာ  နိုင်ငံကျော် အဆိုတော်များက တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြသည်။

 


မြန်မာ့ရိုးရာ    မဟာသင်္ကြန်ပွဲတော်   အင်းလေး ရေပေါ်သင်္ကြန်တွင်   အင်းလေးဒေသရှိ   ပြည်သူများမှ   စည်ကားသိုက်မြိုက်အေးချမ်းစွာ      ရေကစားကြ ကြောင်း သိရသည်။

 


မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို တောင်ကြီး မြို့တွင်     ဧပြီ  ၁၄  ရက်   သင်္ကြန်အကျနေ့တွင်    စည်ကားသိုက်မြိုက် အေးချမ်းပျော်ရွှင်စွာ ဒေသခံ ပြည်သူများ ပါဝင်ဆင်နွှဲရေကစားကြကြောင်း သိရှိရ သည်။                  

 

မောင်မောင်သန်း (တောင်ကြီး)