ရှမ်းပြည်နယ်တရားလွှတ်တော်အနေဖြင့် သြဂုတ် ၁ ရက်မှစတင်ကာ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သွားမည်

 

တောင်ကြီး  ဇူလိုင်  ၂၃


ရှမ်းပြည်နယ် တရားလွှတ်တော်က ကြီးမှူးကျင်းပသည့်  တရားမမှု များတွင် တရားရုံးက ဦးဆောင် သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်းသည့် မိတ်ဆက်ရှင်းလင်း ပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ က တောင်ကြီးမြို့ မြို့တော်ခန်းမ ၌ ကျင်းပသည်။

 


စေ့စပ်ဖြေရှင်းရေး စနစ်နှင့် စပ်လျဉ်းသည့် မိတ်ဆက်ရှင်းလင်း ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက   တရား ဥပဒေစိုးမိုးရေးကို    မြှင့်တင်ရန် ဟူသည့်     ရည်မှန်းချက်များနှင့် ငါးနှစ်တာ တရားစီရင်ရေး မဟာ ဗျူဟာ စီမံကိန်းကို(၂၀၁၈-၂၀၂၂)တွင်     အကောင်အထည်ဖော် ဆောင်ရွက်လျက်   ရှိပါကြောင်း၊ အဆိုပါငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း   (၂၀၁၈-၂၀၂၂)  တွင်  တရားစီရင်ရေး၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်နိုင်ရန်အတွက်   မဟာဗျူဟာလုပ်ငန်း နယ်ပယ်ငါးရပ် သတ်မှတ်ထား ပြီး အကောင်အထည်ဖော်နိုင်ရေး အတွက် လုပ်ငန်းအစီအစဉ်များကို အရေးကြီးမှု အစီအစဉ်အလိုက် ဦးစားပေးအဆင့်များ  သတ်မှတ် ၍  နှစ်အလိုက် အကောင်အထည် ဖော်  ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊    တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ဆိုသည်မှာ  တရားရုံး၌   စွဲဆိုပြီး ဖြစ်သော      တရားမမှုများအား အမှုသည်တို့၏ ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ၊  တရား ရုံးရှိ      စေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များကိုယ်တိုင် ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင် တရားရုံးက တာဝန်ပေးအပ်သည့်     စေ့စပ် ဖြေရှင်းရေး    အရာရှိတစ်ဦးက အမှုသည်များအကြား    ကြားဝင် ကူညီ    ဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများကို   ဖြေရှင်းပေးရ ခြင်းဖြစ်ကြောင်း၊  ရှမ်းပြည်နယ် တရားလွှတ်တော်အနေဖြင့် ယခု အခါ   စေ့စပ်ဖြေရှင်းရေးဌာနကို ဖွင့်လှစ်ထားရှိပြီး   သြဂုတ်    ၁    ရက်မှစတင်ကာ        ပြည်နယ် အတွင်းရှိ         တရားရုံးများ၌ စွဲဆိုသော တရားမကြီးမှုများနှင့် စပ်လျဉ်း၍   စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ရှမ်းပြည်နယ် တရားလွှတ်တော်   တရားသူကြီး ချုပ်   ဦးကြွယ်ကြွယ်က   အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ် တရားလွှတ်တော် စေ့စပ်ဖြေရှင်း ရေးအရာရှိ ဒုတိယညွှန်ကြားရေး မှူး ဦးမောင်မောင်အေးက စေ့စပ် ဖြေရှင်းစနစ်နှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြောင်း   သိရ သည်။


မောင်မောင်သန်း(တောင်ကြီး)